ဘရာဇီးသမ္မတလောင်း ဘော်ဆိုနာရိုကို ထောက်ခံသည့် လူထုအစည်းဝေးပွဲ ပြုလုပ်

FILE PHOTO: Presidential candidate Jair Bolsonaro leaves an agribusiness fair in Esteio, Rio Grande do Sul state, Brazil August 29, 2018. REUTERS/Diego Vara/File photo
1.4K
ဘရာဇီးနိုင်ငံ တလွှား စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ လူထုစည်းဝေးပွဲတွေမှာ သမ္မတလောင်း ဘော်ဆိုနာရိုကို ထောက်ခံသူတွေ ပါဝင်ခဲ့ကြပါတယ်။
လက်ယာဝါဒီ သမ္မတလောင်း ဘော်ဆိုနာရိုဟာ ဒီလအစောပိုင်းက ဓားထိုးခံရပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။
ဘော်ဆိုနာရိုဟာ အောက်တိုဘာ ၇ ရက် ဘရာဇီးသမ္မတ ရွေးကောက်ပွဲအတွက် လူထုသဘောထား စစ်တမ်းမှာ ဦးဆောင်နေတာပါ။
ထောက်ခံသူတွေဟာ ရီယိုဒီဂျနေရိုးနဲ့ ဆော်ပေါလိုမြို့တွေမှာ စုဝေးပြီး ဘော်ဆိုနာရိုကို ထောက်ခံဟစ်ကြွေးခဲ့ပါတယ်။
ဘော်ဆိုနာရိုရဲ့ အကြီးမားဆုံးပြိုင်ဘက်ကတော့ လက်ဝဲဝါဒီ သမ္မတလောင်း ဖာနန်ဒိုဟာဒါပဲ ဖြစ်ပါတယ်။
ဟာဒါကတော့ သမ္မတဟောင်း လူလာဒါဆေးဗါးရဲ့ အလုပ်သမားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ သိရပါတယ်။