A d v e r t i s e m e n t With Us

ကမ္ဘာတ၀န်း အောင်မြင်မှုများရနေနေသည့် “Anastasia” ဂီတပြဇာတ်

၂ဝ၁၇ ခုနှစ်အတွင်းက နယူးယောက်မြို့ ဘရော့ဝေးကဇာတ်ရုံမှာ စတင်ကပြခဲ့တဲ့ "Anastasia" ဂီတပြဇာတ်ဟာ ကမ္ဘာတဝှမ်း အောင်မြင်မှုတွေ ရနေပါတယ်။ မူရင်း "Anastasia" ဂီတ ပြဇာတ်က သရုပ်ဆောင်တွေကို ပွဲထုတ်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လက နယူးယောက်မြို့ Broadhurst ကဇာတ်ရုံမှာ ဘာသာစကားပေါင်းစုံ အမ်တီဗွီကို ရိုက်ကူးခဲ့ပါတယ်။ “ကျနော်တို့ ပြဇာတ်ဟာ နိုင်ငံတကာပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတယ်ဆိုတာကို အစောပိုင်းကတည်းက ကျနော်တို့ သိထားပါတယ်။ ကျနော်တို့ ကဇာတ်ရုံခန်းမထဲမှာ နားထောင်ရင် တကမ္ဘာလုံးက ဘာသာစကားတွေကို ကြားရမှာပါ။ ဒါကြောင့် ကျနော်တို့ဟာ နိုင်ငံတကာ ရသစုံပါဝင်တဲ့ ပြဇာတ်ကို ကပြတာဖြစ်ပါတယ်။ စပိန်က အန်ညာ၊ ဂျာမန် အန်ညာနဲ့ နယ်လှည့်ဖျော်ဖြေသူ အန်ညာအားလုံးကို ခေါ်ပြီး ပြဇာတ်စတင်မွေးဖွားရာ ဘရော့ဝေးကဇာတ်ရုံမှာ အခုလို ဖျော်ဖြေတာဖြစ်ပါတယ်။” လို့ ANASTASIA ပရိုဂျူဆာခေါင်းဆောင် တွမ်ကာဒါဟီက ပြောပါတယ်။ လာမယ့် အောက်တိုဘာ ၃ ရက်နေ့ကျရင်  စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ "Anastasia" ပွဲဦးထွက်ပြဇာတ်ကို ကပြမှာဖြစ်ပြီး ယန်နာဂိုမက်ဇ်က ခေါင်းဆောင်မင်းသမီးအဖြစ် တင်ဆက်မှာဖြစ်ပါတယ်။ အမေရိကန် နယ်လှည့်ဖျော်ဖြေပွဲကို အောက်တိုဘာ ၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။  နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ ဖျော်ဖြေမှာဖြစ်ပြီး ဂျူးဒစ်ကတ်စ်ပါရီက ခေါင်းဆောင်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ အလားတူ  ဟော်လန်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနဲ့ ဘရာဇီးတို့မှာလည်း ဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up