ထိပ်သီးနှစ်သင်း တွေ့ဆုံပွဲ ချဲလ်ဆီး ၁-၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)

စနေနေ့ရဲ့နောက်ဆုံးပွဲစဉ်လည်းဖြစ် အကောင်းဆုံးပွဲတပွဲလည်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျသွားပါတယ်။ ၆ ရက်အတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့တဲ့ ဒီနှစ်သင်းဟာ လူစာရင်းအပြည့်နဲ့ ပွဲထွက်လာခဲ့ပြီး ခရာဘောင်ဖလားရှုံးထွက်မှာ ပွဲပြီးကာနီးမှ လီဗာပူးကို အသည်းခွဲခဲ့တဲ့ ဟာဇက်ကပဲ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဟာဇက်အတွက် ပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ဂိုးမြောက်လည်း ဖြစ်လာပါတယ်။ ဒီနေ့ပွဲမှာတော့ ဧည့်သည်လီဗာပူးတို့ ရလဒ်ကောင်းရရှိဖို့ ကြိုးစားကစားခဲ့ပေမယ့် ချဲလ်ဆီးအသင်းကပဲ ထိန်းချုပ်သွားနိုင်ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ ရှကွီရီပေးပို့မှုကနေ လူစားဝင် စတာရစ်ခ်ျက ၂၅ ကိုက်အကွာကနေ အပြင်းကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့လို့ လီဗာပူးတို့ ဒီရာသီ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းပြီး မန်စီးတီးအသင်းနဲ့အမှတ်တူ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ စတာရစ်ခ်ျဟာ လီဗာပူးအသင်းအတွက် ၄ မိနစ်သာ ကစားခဲ့ရပေမယ့်လည်း ၁ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဟာဇက်ကရရှိသွားပြီး သူ့ရဲ့တောက်ပနေတဲ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်တယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up