Home
မြန်မာသတင်း
ချင်းနိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းခြင်းအခမ်းအနား ပြုလုပ်
DVB
·
September 30, 2018
ချင်းနိုင်​ငံ​ရေးပါတီ သုံးခုဖြစ်​တဲ့ ချင်းအမျိုးသားဒီမိုကရက်​တစ်​ပါတီ၊ ချင်းဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီနဲ့ ချင်းတိုးတက်​​ရေးပါတီတို့ရဲ့ ချင်းအမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီအဖြစ်​ ​ပေါင်းစည်းခြင်း အခမ်းအနားကို စက်​တင်​ဘာ ၂၉ ရက်​​နေ့က ရန်​ကူန်​မြို့ ​တော်​ဝင်​နှင်းဆီ ခန်းမမှာ ပြုလုပ်​ခဲ့ပါတယ်​။ ချင်းအမျိုးသားတရပ်​လုံးကို ကိုယ်​စားပြုပြီး ချင်းအမျိုးသာတရပ်​လုံးရဲ့ အကျိုးကို​ ဆောင်​ရွက်​နိုင်​ဖို့ ရည်​မှန်းချက်​နဲ့ ပါတီ​ပေါင်းစည်း​ရေးကို ​​ဆောင်​ရွက်​ခဲ့တယ်​လို့ ချင်းဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီဥက္ကဋ္ဌ ဦးငိုင်​ဆပ်​က ​ပြောပါတယ်​။ ချင်းအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီအဖြစ်​ ပါတီမှတ်​ပုံတင်​ဖို့ကို​တော့ လာမယ့်လအအတွင်း ​ဆောင်​ရွက်​သွားမယ်​လို့ ချင်းတိုးတက်​​ရေးပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးရှိန်းထွန်းက ​ပြောပါတယ်​။ အခုလို ပါတီ​တွေ​ ပေါင်းစည်း​နိုင်​ရေးအတွက်​ ၂၀၁၆ ​မေလ ၁ ရက်​​နေ့က သ​ဘောတူညီမှုရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်​​ စက်​တင်​ဘာလ ၂၉ ရက်​​နေ့ လက်​မှတ်​​ရေးထိုးတဲ့ အချိန်​မတိုင်​ခင်​အထိ တွေ့ဆုံဆွေး​နွေးမှု​တွေ ပြုလုပ်​ခဲ့တယ်လို့ သိရပါတယ်​။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024