A d v e r t i s e m e n t With Us

ဂျပန်တွင် အားပြင်း တိုက်ဖွန်းမုန်တိုင်း ၀င်ရောက်

စက်တင်ဘာလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံတောင်ပိုင်းကို အားပြင်းတဲ့ တိုက်ဖွန်းမုန်တိုင်း ထရမ်မီ ၀င်ရောက်ခဲ့ပါတယ်။ မိုးကြီးပြီး လေပြင်းတွေ တိုက်ခဲ့တာကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး မြို့အတော်များများ လျှပ်စစ်မီးပြတ်တောက်တာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အပူတိုင်းတိုက်ဖွန်း မုန်တိုင်း အဆင့် ၂ သတ်မှတ်ခံရတဲ့ ထရမ်မီဟာ တစ်နှစ်အတွင်း အပူလှိုင်းဖြတ်မှု၊ မိုးကြီးမှု နဲ့ မြေပြိုမှု စတဲ့ ရာသီဥတုဆိုးတွေ ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံကို နောက်ဆုံးဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဖြစ်ပါတယ်။ ဒီအတွက် အိုကီနာဝမ်ကျွန်းတွေမှာ မိုးသည်းထန်စွာ ရွာပြီး ရေကြီးခဲ့ပါတယ်။ မိုးကြီး လေထန်မှုကြောင့် သစ်ပင်တွေပြိုလဲပြီး ယာဉ်တွေ မှောက်နေတာကိုလည်း တွေ့ရပါတယ်။ တိုက်ဖွန်း ထရမ်မီကြောင့် မီယာကိုဂျီမာ ကျွန်းပေါ်က မြို့ပေါင်း ၃၀ ကျော် လျှပ်စစ်ဓာတ် အားပြတ်တောက်ခဲ့ပြီး အိုကီနာဝါမြို့ရှိ လေကြောင်းခရီးစဉ် ၃၈၀ ကျော်ကို ဖျက်သိမ်းခဲ့ရတယ်လို့ အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up