A d v e r t i s e m e n t With Us

အာဆင်နယ် ၂-၀ ၀က်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)

ရာသီအစ ခြေစွမ်း မတည်ငြိမ်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရာနှုန်းပြည့်နိုင်ပွဲတွေ ရရှိနေတဲ့ အာဆင်နယ်အသင်းဟာ ခြေစွမ်းတက်နေတဲ့ ဝက်ဖို့ဒ်ကိုလည်း အိမ်ကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ နည်းပြသစ် အမ်မရီလက်ထပ်မှာ အသင်းကိုပြန်လည်တည်ဆောက်နေချိန်ဖြစ်လို့ ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ်ဟာ အခုပွဲမှာလည်း ဝက်ဖို့ဒ်အသင်းရဲ့ ဖိအားပေးမှုကို အလူးအလဲခံခဲ့ရပါတယ်။ ဒါပေမယ့် ဝက်ဖို့ဒ်နောက်လူ ခရိတ်ခ်ျရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာနဲ့ အိုဇေးလ်ရဲ့ အဆုံးသတ်သေချာမှုတွေကြောင့် အာဆင်နယ်တို့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ရာသီအစ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်တို့ အခုရလဒ်ကြောင့် အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံမှုအပါအဝင် အနီးဆုံးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရှုံးနိမ့်မှုကိုလည်း အခွင့်ကောင်း.ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်၊ လာကာဇက်၊ အိုဇေးလ်၊ ရမ်ဆေး၊ေ တ်ာရိုင်းယားတို့ ကွင်းလယ်နဲ့ တိုက်စစ်အချိတ်ဆက်မိမိ ကစားနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပြီး အာစင်ဝင်းဂါးအလွန် အမ်မရီအတွက် မျက်နှာကောင်းရခဲ့တာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up