A d v e r t i s e m e n t With Us

မန်ယူက ၀က်စ်ဟမ်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံ)

အခုတပတ် ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်မှာတော့ နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ပွဲပျောက်ဆုံးခဲ့ပြန်ပါတယ်။ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ပွဲကစားချိန်တလျှောက် သိသိဖိအားပေးကစားပြီး အန်ဒါဆင်၊ အနာတိုဗစ်တို့က ၁ ဂိုးစီ၊ လင်ဒီလောဖ့်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ ဂိုးတွေနဲ့အတူ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပေါ့ဘာနဲ့ မော်ရင်ဟို အဆင်မပြေမှုနဲ့အတူ အသင်းရဲ့ ဟန်ချက်ပျက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်း ၅ မိနစ်ကတည်းက အန်ဒါဆင်ရဲ့သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှာတော့ နောက်ခံလူ လင်ဒီလောဖ့်က ကိုယ့်ဂိုးကိုယ်သွင်းမိပြန်လို့ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း သရဲနီတို့ ထင်သလောက် ခြေစွမ်းမပြနိုင်လို့ ရုန်းကန်ခဲ့ရပြီး ၇၁ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်က ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ၂ မိနစ်အကြာမှာ အနာတိုဗစ်က ဝက်စ်ဟမ်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံသွင်းယူသွားခဲ့လို့ ယူနိုက်တက်တို့ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ ၇ ပွဲကစားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၀ နေရာထိ ရောက်ရှိသွားခဲ့သလို ဝက်စ်ဟမ်းအသင်းကတော့ ရမှတ် ၇ မှတ်နဲ့အဆင့် ၁၃ နေရာထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up