A d v e r t i s e m e n t With Us

လျာကို မြွေဟောက်အကိုက်ခံပြီး သာယာမှုရှာဖွေသူ အိန္ဒိယအမျိုးသား(ရုပ်သံ)

သမားရိုးကျ မူးယစ်ဆေးဝါးတွေ၊ အရက်တွေက သူလိုချင်တဲ့မူးယစ်ရီဝေမှုကို မပေးစွမ်းနိုင်တော့လို့ လျှာကိုအဆိပ်ပြင်းတဲ့ မြွေပေါက်ခံကာ သာယာမှုကို ရှာဖွေတယ်လို့ အိန္ဒိယအမျိုးသားတဦးကပြောကြောင်း အိန္ဒိယနိုင်ငံရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဂျာနယ်တစောင်မှာ ဖော်ပြပါတယ်။ မြွေဟောက်တွေရဲ့အဆိပ်ဟာ ကမ္ဘာ့အပြင်းထန်ဆုံး အဆိပ်တွေထဲက တခုဖြစ်ပြီးတော့ မြွေတချက် ပေါက်ရုံနဲ့ထွက်တဲ့အဆိပ်ဟာ အရွယ်ရောက်ပြီးသူ အယောက် ၂ဝ ဒါမှမဟုတ် ဆင်တကောင်လုံးစာအတွက် လုံလောက်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ အမည်မဖော်လိုသူ အိန္ဒိယအမျိုးသားတဦးအတွက်တော့ မှား ယွင်းနေဟန်ရှိပါတယ်။ ဒီအမျိုးသားဟာ ဆေးစွဲနေသူတဦးဖြစ်ပြီး သာမာန်မူးယစ်ဆေးက သူ့ကိုမတိုးတော့လို့ လျှာကိုမြွေအပေါက်ခံကာ သူလိုချင်တဲ့ မူးယစ်မှုကို ရယူတယ်လို့ ချိန်ဒီဂါမှာရှိတဲ့ ဆေးပညာနဲ့သုတေသနဌာန ကသုတေသီတွေကိုပြောပါတယ်။ သူဟာ ဒီအလေ့အထကို သူ့သူငယ်ချင်းတယောက်ဆီကနေ ရရှိခဲ့တာဖြစ်ပြီး အဲဒီသူငယ်ချင်းကလည်း နှစ်ပေါင်းများစွာ မြွေအပေါက်ခံကာ မူးယစ်မှုကို ရရှိနေသူလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာလည်း ဒီလိုမျိုးလုပ်သူများစွာရှိတယ်လို့ ဆိုပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ၁၅ နှစ်လောက်ကစလို့ မူးယစ်ဆေးဝါး စတင်သုံးစွဲခဲ့တာဖြစ်ပြီး မြွေဆိပ်နဲ့ မူးယစ်ခြင်းက ဈေးကြီးပေးစရာမလိုဘဲ ပြင်းထန်ကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေတယ်လို့လည်း ပြောပါတယ်။ သူဟာ ဒီလိုလုပ်ဖို့ကိုဒေသတွင်း မြွေဖမ်းသူတွေဆီကိုသွားရပြီး သူ့ကိုကိုက်တဲ့ မြွေတွေကို အမျိုးအစားမခွဲတတ်ပေမယ့် မြွေတွေဟာ မြွေဟော်တွေဖြစ်မယ်ထင်တယ်လို့ ပြောပါတယ်။ လျှာကိုမြွေအကိုက်ခံလိုက်ရတဲ့ ပထမတစ်နာရီအတွင်းမှာ ပြင်းထန်ဆိုးရွားတဲ့ ခံစားမှုကို ရရှိပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ကောင်းမွန်တဲ့ ခံစားချက်ကိုရရှိကာ မြွေတခါ အပေါက်ခံလိုက်ရရင် သုံးလေးပတ်လောက် သာမာန်မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ ခံစားမှုမျိုးကို ရရှိတယ်လို့လည်း သူကဆိုပါတယ်။ မြွေဖမ်းသူတွေက သူတို့ရဲ့ခင်မင်ရင်းနှီးသူတွေကိုသာ ဒီလိုလုပ်ခွင့်ပေးပြီး သူတို့နေထိုင်ရာ လူမျိုးစုအတွင်းမှာလည်း မူးယစ်ဆေးဝါးသုံးသလို ခံစားချက်ကိုရရှိဖို့ မြွေအကိုက်ခံသူများစွာရှိတယ်လို့ သူက သုတေသီတွေကို ပြောပါတယ်။ ဒီလိုမူးယစ်ရီဝေဖို့ တခုတည်းအတွက်နဲ့ လျှာကို မြွေအကိုက်ခံတာဟာ သာမာန်လူတွေအတွက်တော့ အလွန်ထူးဆန်းတဲ့ ကိစ္စတရပ်ဖြစ်ပေမယ့် ဒီလိုမျိုးကိစ္စတွေကို တွေရှိခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါ ဘူး။ ၂၀၁၃ ခုနှစ်က အလားတူလေ့လာမှုတခုမှာလည်း အမျိုးသားနှစ်ယောက်က သူတို့ဟာ စိတ်ဖိစီးမှုတွေကို လျော့ချဖို့နဲ့ ပျော်ရွှင်သာယာမှုကို ရရှိဖို့ မြွေဟောက်အကိုက်ခံလေ့ ရှိတယ်လို့လည်း ဝန်ခံထွက်ဆိုခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up