A d v e r t i s e m e n t With Us

ဝင်ငွေဒေါ်လာ သန်း ၃၀ ဖြင့် ထိပ်ဆုံးရပ်တည်နေသည့် “Night School” ဇာတ်ကား (ရုပ်သံ)

Comedy အမျိုးအစားဇာတ်ကားတကားဖြစ်တဲ့ “Night School” ဇာတ်ကားဟာ ဝင်ငွေဒေါ်လာ သန်း ၃၀ နဲ့ အခုသီတင်းပတ် မြောက်အမေရိက Box Office မှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နိုင်ဖွယ်ရှိနေတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒီဇာတ်ကားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာမှ စတင်ပြသခဲ့တာဖြစ်ပြီး တက်ဖနီဟက်ဒစ်နဲ့ ကီဗင်ဟာ့တ်တို့က အဓိကပါဝင်သရိုပ်ဆောင်ထားပါတယ်။ ဒီကားမှာ တက်ဖနီက ညကျောင်းတခုက ကျောင်းဆရာမအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ကီဗင်ကတော့ တက်ဖနီရဲ့ တပည့်တွေထဲက တဦးအဖြစ် အသုံးတော်ခံထားပါတယ်။ Universal Pictures ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီဇာတ်ကားဟာ လာမယ့် စက်တင်ဘာ လ ၃၀ ရက်နေ့မှာ Box Office ကို ဦးဆောင်ထားနိုင်မယ်လို့ Box Office စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။ Night School ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ Animatied ရုပ်ရှင်ကားကောင်း တကားဖြစ်တဲ့ “Smallfoot” ဖြစ်ပြီး အဲ့ဒီဇာတ်ကားမှာ နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ချန်းနင်းတာတမ်၊ ဂျိမ်းစ်ကော်ဒန်တို့နဲ့အတူ ကမ္ဘာကျော်ဘတ်စ်ကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်တို့က အသံနဲ့ ပါဝင်သ ရုပ်ဆောင်ထားပါတယ်။ ဒီကားကို Warner Bros Pictures ကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီကားဟာ အခုသီ တင်းပတ်မှာ ဝင်ငွေ ဒေါ်လာ ၂၂ ဒသမ ၅ သန်းရမယ်လို့ ခန့်မှန်းခံထားရပါတယ်။ တတိယနေရာမှာတော့ ပြီးခဲ့တဲ့ အပတ်က နံပါတ်တစ်နေရာကိုရရှိခဲ့တဲ့ “The House With A Clock In Its Walls” က ရပ်တည်နေပါတယ်။ ဒီဇာတ်ကားမှာ ဂျက်ဘလက်နဲ့အတူ အော်စကာများဆုရှင် ကိတ်ဘလန်ချက်တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားဟာ ဝင်ငွေဒေါ်လာ ၁၄ ဒသမ ၃ သန်းရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီကားကိုလည်း Universal Pictures ကုမ္ပဏီကပဲထုတ်လုပ်ထားတာဖြစ်ပါတယ်။ နံပါတ်လေးနေရာကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်က နံပါတ်နှစ်ချိတ်ခဲ့တဲ့ “A Simple Favor” ရုပ်ရှင်က ရပ်တည်နေပါတယ်။ “A Simple Favor” ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အောင်မြင်ခဲ့ပေမယ့် အခုသီတင်းပတ်မှာတော့ ဝင်ငွေလျော့ကျလာခဲ့ပြီဖြစ်ပါတယ်။ ဒီကားမှာ ဘလိတ်လစ်ဘလီနဲ့အန်နာကန်းဒရစ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အခုသီတင်း ပတ်အတွက် ဒီဇာတ်ကားရဲ့ လက်မှတ်ရောင်ရငွေက ဒေါ်လာ ၆ ဒသမ ၇ သန်းသာရှိမယ်လို့ Box Office စောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ အခုသီတင်းပတ် Box Office ရဲ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ငါးကားစာရင်းရဲ့ နံပါတ်ငါးနေရာမှာရပ် တည်နေတာကတော့ မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ “Hell Fest” ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ Horror အမျိုးအစားဒီဇာတ်ကားကို Lionsgate and CBS ကုမ္ပဏီတို့ထုတ်လုပ်ထားတာဖြစ်ပြီး ဒီဇာတ်ကားဟာ အခုသီတင်းပတ်မှာ ဝင်ငွေဒေါ်လာ ၅ ဒသမ ၆ သန်းရရှိမယ်လို့ ခန့်မှန်းခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up