အမျိုးသမီး ၆၀၀၀ ကျော်နှင့် အိပ်စက်ခဲ့သည့် အီတလီရိုမီယို နှလုံးရောဂါကြောင့် ကွယ်လွန်

ဆန့်ကျင့်ဘက်လိင်နဲ့ပတ်သတ်လာရင် ကံထူးလွန်းလို့ ရိုမီယိုလို့ တင်စားခေါ်ဝေါ်ခံထားရတဲ့ အီတလီအမျိုးသားတဦးဟာ ကမ္ဘာ့လှည့်ခရီးသွား အမျိုးသမီးတဦးနဲ့ အတူအိပ်နေစဉ် သေဆုံးသွားခဲ့တယ်လို့ Metro သတင်းမှာဖော်ပြပါတယ်။ သေဆုံးခဲ့သူဟာ မော်ရီဇီယိုဇန်ဖန်တီ လို့ခေါ်သူဖြစ်ပြီး သူဟာ အီတလီနိုင်ငံ ရဲ့ အထင်ရှားဆုံး Play Boy တဦးပဲဖြစ်ပါတယ်။ အမျိုးသမီးကိစ္စနဲ့ ပတ်သက်တဲ့ သူ့ရဲ့ပါရမီကြောင့် သူဟာ ရီမီနီ ရိုမီယိုလို့ သတ်မှတ်ခံထားရသူဖြစ်ပြီး သူ့ဘဝတလျောက်လုံးမှာ အမျိုးသမီးပေါင်း ၆၀၀၀ ကျော်နဲ့ အချစ်ပွဲဆင်နွဲခဲ့တယ်လို့ သူကိုယ်တိုင်က ထုတ်ဖော်ပြောကြားထားပါတယ်။ ရီမီနီရိုမီယိုဟာ သေဆုံးချိန်မှာ အသက် ၆၅ နှစ်ရှိပြီဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် အရှေ့ဥရောပက ကမ္ဘာလှည့်ခရီးသွားအမျိုးသမီးတဦးနဲ့ ချစ်ပွဲဝင်နေစဉ်မှာ နှလုံးဖောက်ပြီး သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ ရီမီနီဟာ အီလတီနိုင်ငံမှာရှိတဲ့ ကမ်းခြေမြို့တမြို့ဖြစ်ပြီး ပါတီပွဲတွေကြောင့် အထူးထင်ရှားပါတယ်။ ရိုမီယိုဟာ အသက် ၁၇ နှစ်အရွယ်က စတင်ကာ မြို့မှာရှိတဲ့ နိုက်ကလပ်တခုအတွက် အရောင်းမြှင့်တင်ရေး ဝန်ထမ်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ကလပ်အတွက် လူရှာပေးတဲ့ အလုပ်ကို ဆောင်ရွက်ခဲ့ပါတယ်။ “ကျနော်ဟာ ဒီမှာရှိတဲ့ ခရီးသွားအေဂျင်စီရာပေါင်းများစွာထက် ရီမီနီရဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါတယ်” လို့လည်း မော်ရီဇီယိုက ၂၀၁၆ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ အေးမြတဲ့ ဆောင်းရာသီတွေမှာ သူဟာ စကင်ဒီနေဗီးယားက အေဂျင်စီတွေအတွက် အရောင်းမြှင့်တင်သူအဖြစ် ဆောင်ရွက်ပေးပြီး သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကြောင့် ဆွီဒင်နိုင်ငံမှာ ဖယောင်းရုပ်တု ထုလုပ်ဂုဏ်ပြုခံရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ အမျိုးသမီးငယ်တဦးနဲ့ ချစ်ပွဲဝင်နေစဉ် အတွင်းမှာပြင်းထန်တဲ့ နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့ရပြီပဲဖြစ်ပါတယ်။ ဒီလိုသေဆုံးမှုဟာ သူအမြဲတမ်းဖြစ်ချင်နေခဲ့တဲ့ သေဆုံးမှုမျိုးဖြစ်တယ်လို့လည်း အီတလီမီဒီယာတွေက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up