Home
မြန်မာသတင်း
မြန်မာ-ရုရှား နှစ်နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးပွဲအတွက် လက်မှတ်ရေးထိုး
DVB
·
September 29, 2018
မြန်မာနဲ့ ရုရှားနိုင်ငံတို့ နှစ်နိုင်ငံရေးရာ၊ ဒေသရေးရာတွေ ဆွေးနွေးမယ့် ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ်အတွက် မနေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီအစီအစဉ်ကို ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၁၈-၂၀၂၀) လို့ခေါ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ ကိုယ်စား လက်မှတ်ရေးထိုး ကြပါတယ်။ ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ်အရ နှစ်ဖက်စိတ်ဝင်စားမှုရှိတဲ့ နှစ်နိုင်ငံရေးရာ၊ ဒေသရေးရာနဲ့ နိုင်ငံတကာ ရေးရာကိစ္စရပ်တွေအပေါ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့  မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024