အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် ၄၈ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ စက်တင်ဘာ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၅ အဆင့်ရှိ မြေငလျင်ကြောင့် အနည်းဆုံး လူ ၄၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မြေငလျင်ကြောင့် ဆူနာမီရေလှိုင်းပါ ဖြစ်ပေါ်ခဲ့ပြီး ဆူလာဝေဆီကျွန်း ပါလူမြို့မှာ ရေလှိုင်းအမြင့် ၆.၆ ပေအထိ မြင့်တက်ခဲ့ပါတယ်။ ပါလူမြို့မှာ လူဦးရေ ၃ သိန်းကျော်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်နေပါတယ်။  အင်ဒိုနီးရှား တပ်မတော်ဟာ ဆေးဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ လေယာဉ်တွေကို ဒီနေ့ စတင်စေလွှတ်နေပြီ ဖြစ်ပါတယ်။ မြေငလျင်ကြောင့် ဓာတ်အားလိုင်း ပြတ်တောက်ခဲ့ပြီး ပါလူမြို့ဝန်းကျင် ဆက်သွယ်ရေး ထိခိုက်ခဲ့တာကြောင့် အာဏာပိုင်တွေဟာ ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အခက်ကြုံနေရပါတယ်။ ပြီးခဲ့တဲ့လကလည်း လွမ်ဘော့ကျွန်းမှာ မြေငလျင်ကြီးတွေ ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up