ဖာမီနိုက လီဗာပူးအတွက် အဓိကကစားသမားဖြစ်ဟု ဂျရတ်ပြော

ဘရာဇီးတိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုဟာ လီဗာပူးအသင်းအတွက် အဓိက ကစားသမားဖြစ်တယ်လို့ အသင်းခေါင်းဆောင်းဟောင်း စတီဗင် ဂျရတ်က ပြောပါတယ်။ နည်းပြ ဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားထားတဲ့ ၆ ပွဲစလုံးနိုင်ပြီး ခြေစွမ်းပြ ကစားထားပါတယ်။ အသက် ၂၆ နှစ်အရွယ် ဖာမီနိုဟာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး အသင်းဖော်တွေအတွက် ၂ ဂိုး ရအောင် ကူညီပေးထားပါတယ်။ အသင်းခေါင်းဆောင်ဟောင်း ဂျရတ်ကတော့ ဖာမီနိုကို အနီးကပ်လေ့လာကြည့်ရင် ပါရမီရှိတဲ့ ကစားသမားတယောက်ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါလို့ ပြောပါတယ်။ ဂျရတ်ဟာ လောလောဆယ်မှာ စကော့တလန်ကလပ် ရိန်းဂျားအသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up