ဟာသာဘာလင်က ဘိုင်ယန်မြူးနစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရ

1.9K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဟာသာဘာလင်က နာမည်ကြီး ဘိုင်ယန်မြူးနစ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဘိုင်ယန်မြူးနစ်အတွက်တော့ ရှုံးပွဲမရှိ စံချိန်တွေ ရပ်တန့်သွားပါတယ်။ ဟာသာဘာလင်အတွက် ဦးဆောင်ဂိုးကို ၂၃ မိနစ်မှာ ပင်နယ်တီကနေတဆင့် အိုဘီဆီဘစ်က သွင်းယူပါတယ်။
ချန်ပီယံ ဘိုင်ယန်မြူးနစ်က တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
အိမ်ရှင် ဟာသာဘာလင်အတွက် ဒုတိယဂိုးကို ၄၄ မိနစ်မှာ ဒူဒါက သွင်းယူပါတယ်။ နောက်ပိုင်း မိနစ်တွေမှာ ဘိုင်ယန် အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ အရှုံးပေးလိုက်ရပါတယ်။
ဟာသာဘာလင်အတွက်တော့ ၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်မြူးနစ်ကို အနိုင်ရတာ ဖြစ်ပါတယ်။