Home
မြန်မာသတင်း
ထောက်ကြန့် ခုံးကျော်တံတား တည်ဆောက်မည့် စီမံကိန်း ပယ်ဖျက်
အာကာ
·
September 28, 2018
ပြည်သူ့ငွေစာရင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက် ဆွေးနွေးခဲ့တဲ့ ထောက်ကြန့် ခုံးကျော်တံတား တည်ဆောက်မယ့် စီမံကိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ပယ်ဖျက်လိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ခုလို ပယ်ဖျက်လိုက်တဲ့အကြောင်း ပြောသွားပါတယ်။ “သြဂုတ်လ ၁၃ ရက်နေ့က လုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ညှိနှိုင်းအစည်းအဝေးမှာ ထောက်ကြန့် ခုံးကျော်တံတားကို တည်ဆောက်ခြင်းမပြုဘဲ လွှဲပြောင်းသုံးစွဲမယ်လို့ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရသုံးမှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးကော်မရှင်ကို ပေးပို့ပြီးဖြစ်တဲ့အတွက် ဘတ်ဂျက်သန်း ၂ ထောင်ကို ထုတ်ပယ်ခြင်းမပြုဘဲနဲ့ မနေ့က တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ ပယ်ဖျက်ပါတယ်။ အဲဒီအစား တိုင်းချင်းဆက် လမ်းမကြီးတွေ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ပါဝင်တဲ့ ထောက်ကြန့်ခုံးကျော်တံတား စီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မနေ့က လွှတ်တော်မှာ ကန့်ကွက် ဆွေးနွေးထားကြတာ ဖြစ်ပါတယ်။ အဲဒီ ထောက်ကြန့်ခုံးကျော်တံတား စီမံကိန်းဟာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ကြောင်း အတည်ပြုထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024