စပိန်တွင် အူဘာနှင့် ကာဘီဖိုင် အငှားယာဉ်မောင်း ထောင်ချီ ဆန္ဒပြ

Drivers from shared-ride services Uber and Cabify attend a demonstration in Madrid as part of a strike to protest a law that aims to regulate shared-ride services in Madrid, Spain, September 27, 2018. REUTERS/Juan Medina
စပိန်နိုင်ငံ မဒရစ်မြို့ရဲ့ အဓိက ရိပ်သာလမ်းတွေထဲက တခုမှာ ထောင်နဲ့ချီတဲ့ အူဘာနဲ့ ကာဘီဖိုင် အငှားယာဉ်မောင်းတွေ စက်တင်ဘာ ၂၇ ရက်က ဆန္ဒပြကြပါတယ်။ သူတို့ရဲ့ ဝန်ဆောင်မှုတွေအတွက် လိုင်စင်ထုတ်ပေးမယ့် ဥပဒေတရပ် ပြဋ္ဌာန်းဖို့ အစိုးရက စီစဉ်နေလို့ ခုလို ဆန္ဒပြတာပါ။ ဒီဥပဒေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေတယ်လို့ ကုမ္ပဏီ ၂ ခုလုံးက ကားမောင်းသူတွေက ပြောပါတယ်။ မမျှတတဲ့ ပြိုင်ဆိုင်မှုလို့ စွပ်စွဲရင်း ကမ္ဘာတလွှားက အငှားယာဉ်မောင်းတွေက အူဘာနဲ့ ကာဘီဖိုင် အငှားယာဉ်မောင်းတွေကို မကျေမနပ် ပြောဆိုတိုင်တန်း နေခဲ့တာပါ။ သပိတ်ပွဲ မတိုင်ခင်တရက်က သူတို့ဟာ ဖောက်သည်တွေရဲ့ ပထမဆုံး စီးနင်းမှုကို အခမဲ့ ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြတယ်လို့ စီးပွားရေးအသင်း အူနောင်တိုက ပြောပါတယ်။ စပိန်နိုင်ငံမှာ အငှားယာဉ်လိုင်စင် ခြောက်သောင်းခွဲနဲ့ ကားမျှစီးတဲ့လိုင်စင် တသောင်း တထောင်နီးပါး ရှိပါတယ်။ စပိန်တနိုင်ငံလုံးမှာ အငှားယာဉ်မောင်း တသိန်းခွဲကျော်နဲ့ အူဘာနဲ့ ကာဘီဖိုင် ယာဉ်မောင်း တသောင်းခွဲလောက်ရှိတယ်လို့ ပြည်သူ့ရေးရာဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ပြထားပါတယ်။ ဓာတ်ပုံ - Reuters

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up