လာမည့်နှစ် ချန်ပီယံလိဂ်ပွဲစဉ်များတွင် VAR စနစ် အသုံးပြုသွားမည်

လာမယ့်နှစ် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့ VAR လို့ခေါ်တဲ့ Video Assistant Referee စနစ်ကို အသုံးပြုသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က အတည်ပြုလိုက်ပါတယ်။ အဲဒီစနစ်ကို လာမယ့်နှစ် ချန်ပီယံလိဂ် ရာသီသစ်မှာ နောက်ဆုံးအဆင့် ခြေစစ်ပွဲကနေ စပြီးအသုံးပြုဖို့ ယူအီးအက်ဖ်အေက သဘောတူထားပါတယ်။ ဒါ့အပြင် ၂၀၂၀ ယူရိုဘောလုံးပြိုင်ပွဲတွေမှာပါ အသုံးပြုဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ VAR စနစ်ဟာ ဘောလုံးကွင်းထဲက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်အောင် အထောက်အကူပြုဖို့အတွက် ဗွီဒီယိုပြန်ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ VAR စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဓာတ်ပုံ - Reuters

//
More News
Up