ကွင်းလယ်လူ ရမ်ဆေး အာဆင်နယ်မှ ထွက်ခွာဖွယ်ရှိ
အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။
ရမ်ဆေးဟာ အာဆင်နယ်နဲ့ ၉ လ စာချုပ်သက်တမ်းပဲ ကျန်ရှိတော့တာဖြစ်ပြီး အခုနှစ်ရာသီ အစကတည်းက ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေ ဖြစ်နေတာပါ။
ရမ်ဆေးဟာ လက်ရှိလုပ်ခ တပတ် ပေါင်တသိန်းတသောင်း ရရှိနေပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေတာကြောင့် အဲဒီပမာဏထက်ပိုပြီး ရဖို့ အလိုရှိနေတယ်လို့ ဆိုပါတယ်။
ရမ်ဆေးကို မန်ယူ၊ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ရမ်ဆေးကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ စာချုပ်သက်တမ်း မတိုးနိုင်ဘူးဆိုရင် လာမယ့်နှစ် နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပေးရမှာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ဝေးလ်လက်ရွေးစင် ရမ်ဆေးဟာ ၂၀၀၈ ခုနှစ်ကတည်းက အာဆင်နယ်အသင်းကို ရောက်ရှိနေတာဖြစ်ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၃၃၅ ပွဲကစားပြီး ၅၈ ဂိုး သွင်းထားပါတယ်။