A d v e r t i s e m e n t With Us

အီရန် နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်မှု ခြိမ်းခြောက်မှုဖြစ်ဟု ရုရှားပြော

ဓာတ်ပုံ - Reuters
အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်တာဟာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်နေတဲ့ အီရန်အတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့က စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန် နျူကလီးယား သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းဖို့ ရုရှားဘက်က ယူဆတာကြောင့် အီရန်၊ တရုတ်၊ အီးယူတို့နဲ့ ဆက်ပြီး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမယ်လို့ မစ္စတာလာဗရော့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောလိုက်တာပါ။ ဒီလို ဆက်ပြီး မထိန်းသိမ်းထားဘူးဆိုရင် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ပိုတိုးလာတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားရနိုင်သလို အီရန်အတွက် အမျိုးသားလုံခြုံရေး အန္တရာယ်လည်း ရှိလာနိုင်တယ်လို့ မစ္စတာလာဗရော့က ဆက်ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ အမေရိကန် အပါအဝင် အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်တယ်လို့ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးထားတဲ့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကတော့ သဘောတူညီချက် ဆက်ရှိနေရေး အားထုတ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up