A d v e r t i s e m e n t With Us

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

အင်္ဂလန်အသင်းဟာ နည်းပြ ဆောက်ဂိတ်ကို ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ နည်းပြ ဆောက်ဂိတ်အနေနဲ့ တနှစ်လုပ်ခ ပေါင်သုံးသန်း ရရှိမှာဖြစ်ပြီး လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားအထိ ကိုင်တွယ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တရားဝင် စာချုပ် ချုပ်ဆိုရခြင်း မရှိသေးပေမယ့် အက်ဖ်အေက မကြာခင်မှာပဲ သတင်းထုတ်ပြန်ပေးဖို့ ရှိတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ ဆောက်ဂိတ်ဟာ အရင်က တနှစ်လုပ်ခ ပေါင် ၂ သန်းခွဲ ရရှိနေတာဖြစ်ပြီး စာချုပ်သစ်အရ ပေါင် ၅ သိန်း တိုးမြှင့်လာတာ ဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ပို့ပေးခဲ့ပြီး နှစ်ပေါင်း ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံး အောင်မြင်မှုရအောင် စွမ်းနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up