Home
မြန်မာသတင်း
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိအတွက် တပ်မတော်မော်ကွန်းတိုက်က အထောက်အထားများတောင်းခံ
အောင်ဆန်းဦး
·
September 27, 2018
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထည့်သွင်းဖော်ပြနိုင်ဖို့ တပ်မတော် မော်ကွန်းတိုက်မှာရှိတဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေ တောင်ခံထားတယ်လို့ မြန်မာသမိုင်းအဖွဲ့က ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ရေးနဲ့ ပတ်သက်တဲ့ သမိုင်းအထောက်အထားတွေဟာ တပ်မတော်မော်ကွန်းတိုက်မှာ အများဆုံးရှိနိုင်တဲ့အတွက်ဖြစ်သလို ဗိုလ်ချုပ်ရဲ့ သမိုင်းနဲ့ ပတ်သက်ပြီး ပိုမိုပြည့်စုံတဲ့ အတ္ထုပ္ပတ္တိစာအုပ် အဖြစ်ထုတ်ဝေနိုင်ဖို့ တောင်းခံရတာ ဖြစ်တယ်လို့လည်း မြန်မာသမိုင်းအဖွဲ့က ဆိုပါတယ်။ “သူတို့ဆီက တပ်မတော်နဲ့ ပတ်သက်တာတို့၊ ဗိုလ်ချုပ်နဲ့ ပက်သက်တာတို့က သူတို့ဆီမှာ အများဆုံးရှိတယ်။ အများဆုံးရှိတယ်ဆိုတော့ စစ်ဆင်ရေးတို့ ဗိုလ်ချုပ်ရဲ့ ညွှန်ကြားချက်ပေါ့၊ စစ်ရေးနဲ့ ပတ်သက်တာတွေက သူတို့ဆီက ရရင် ပိုပြီးတော့ ပြည့်စုံမှာပေါ့။ ဒါကြောင့်မလို့ သူတို့ဆီက အထောက်အထားတောင်းထားတာပါ”လို့ မြန်မာသမိုင်းအဖွဲ့ဝင် ဦးမြဟန်က ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ ရဲဘော် သုံးကျိပ်ဘဝ၊ ဗိုလ်ချုပ်ဘဝဆိုပြီး အပိုင်းလိုက်ခွဲခြားပြီး အခန်း ၆ ခန်းနဲ့ ရေးသားထားတာဖြစ်ပါတယ်။ စာမျက်နှာ ၃၀၀ ရှိတဲ့ မူကြမ်းစာအုပ်ကို ရေးသားထားပြီး ဖြစ်ပေမယ့် ပိုမိုတိကျခိုင်မာတဲ့ သမိုင်းအထောက်အထားတွေ စုစည်းဖော်ပြနိုင်ဖို့အတွက် နောက်ထပ် စာမျက်နှာ ၂၀၀ ကျော်လောက် ဖြည့်စွက်ရေးသားပြီးမှသာ ထုတ်ဝေသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024