မိုးထဲလေထဲ မာန်ဟုန်ပြင်းပြင်း စီးဆင်းနေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး အံ့ဖွယ်ရေတံခွန် (ရုပ်သံ)
Published By
DVB | 27 September, 2018
3.2K
0
Share
0
Comment
0
Likes
ဟွမ်ဂူချူရေတံခွန်ဟာ တရုတ်နိုင်ငံမှာတော့ အကြီးဆုံး ရေတံခွန်ထဲမှာ ပါဝင်ပြီး မာန်ဟုန်ပြင်းပြင်း စီးဆင်းနေတဲ့ ခုလိုရာသီမှာတောင် လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။
ဒီရေတံခွန်ကြီးဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ အန်ရွှန်မြို့မှာ တည်ရှိပြီး စီဂျီတီအန်သတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စက်တင်ဘာ ၂၆ ရက်နေ့က အံ့သြစရာ ရှုခင်းတွေနဲ့ မြင်ကွင်းတွေကို ရှုစားကြရမှာပါ။
သဘာဝအတိုင်း အရိုင်းဆန်ဆန် လှပနေတဲ့ ရေတံခွန်နောက်ခံနဲ့ ရှုမျှော်ခင်း အလှအပတွေနဲ့အတူ လည်ပတ်ကြသူတွေဟာ မှတ်တမ်းတင်ဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေကို ရိုက်ယူနေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
ရေတံခွန်ကြီးအနီးက လမ်းမပေါ်မှာတော့ လာရောက်လည်ပတ်ကြသူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် သက်ဆိုင်ရာက စောင့်ကြပ်ပေးနေတာ ဖြစ်ပါတယ်။
ရေတံခွန်ကို လာရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ဇွန်လကနေ အောက်တိုဘာလအတွင်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။