Live
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဘတ်ဂျက်တွင် ပလပ်စတစ်ကုလားထိုင် ၁လုံး ကျပ် ၇သောင်းတောင်းခံထား
DVB
·
September 27, 2018
၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ပလပ်စတစ်ကုလားထိုင်တစ်လုံး ၇ သောင်းကျပ်ပြထားတာ ဘဝင်မကျစရာ ဖြစ်နေတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ထောက်ပြဝေဖန်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ကြတာပါ။ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းရဲ့ ရုံးသုံးပရိဘောဂ ခေါင်းစဉ်အောက်မှာ ပလပ်စတစ်ကုလားထိုင် (ယိုးဒယား)ခေါင်းစဉ်နဲ့ တလုံးကို ကျပ် ၇ သောင်း စာရင်းပြထားတာ ဟာ များနေတယ်လို့ လွှတ်တော်အမတ် ဦးဝေဖြိုးဟန်က  ဝေဖန်ပြောလိုက်တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024