Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
September 27, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအ တွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ 3D Computer-animated Comedy Adventure ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြ မယ့် ရုပ်ရှင်ကားပါ။ Smallfoot လို့ အမည်ရပါတယ်။ ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros က တင် ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Karey Kirkpatrick က ပုံဖော်ရိုက် ကူးပေးထားတာ ဖြစ်ပါတယ်။ လူသားတွေအတွက်တော့ နှင်းလူဆိုတာ ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲ ရှိသလို နှင်း လူတွေရဲ့ ကမ္ဘာမှာလည်း လူသားတွေ ရှိနေတယ်ဆိုတာ ပုံပြင်တပုဒ်လိုပါပဲ။ ဒါပေမယ့် Migo ဆိုတဲ့ နှင်းလူကြီးတယောက်ဟာ လူသားတယောက်ကို အပြင်မှာ မျက်ဝါးထင် ထင် တွေ့လိုက်ရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ သူက လူသားတကယ်ရှိတယ်ဆိုပြီး ကြုံတွေ့ခဲ့ရတာကို ပြောပေမယ့် နှင်းလူတွေက သူ့ကို ဘယ်သူမှ မယုံကြတဲ့အခါ ပြန် ရှာဖွေပြီး လူသား Smallfoot တကယ်ရှိကြောင်း သက်သေပြတဲ့ အကြောင်းတွေကို ဒီ ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ နှင်းလူကြီး Migo နေရာမှာတော့ အမေရိကန်သရုပ် ဆောင်မင်းသား Channing Tatum က အသံနဲ့ သရုပ်ဆောင်ထားပြီး တခြားသရုပ် ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ James Corden, Zendaya, Common နဲ့ LeBron James တို့ကလည်း ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့သရုပ်ဆောင်မှုမြင်ကွင်းတွေ၊ ပြောစကားတွေ ဟာ ကလေးတွေအနေနဲ့ ကြည့်ရှုဖို့ မသင့်တော်တာတွေ ပါနေတာမို့ ဒီကားကိုတော့ မိ ဘအုပ်ထိန်းသူလမ်းညွှန်ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါ တယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားပြီး လာမယ့် စက် တင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားတကားရှိ နေပါတယ်။ ဒီကားကတော့ Horror Movie ကြိုက် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတကားပါ။ Hellfest လို့ အမည်ရပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Gregory Plotkin က ပုံဖော်ရိုက် ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ လာမယ့် Halloween Season အမီ ထွက်ရှိလာတဲ့ ဇာတ် ကားတကားဖြစ်ပြီး သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ အပြင်အဆင်တွေနဲ့ Amusement Park တခုထဲမှာ အခြေတည်ရိုက်ကူးထားခဲ့တာပါ။ လာရောက်လည်ပတ် ကြတဲ့ လူငယ်တွေဟာ အံ့သြထိတ်လန့်စရာ ခြောက်လှန့်ခံရမှုတွေနဲ့ ပျော်ရွှင်ရလိမ့် မယ်လို့ ထင်ထားခဲ့ကြပေမယ့် သူတို့မျှော်လင့်မထားတဲ့ အရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ လည်ပတ်သူတွေထဲက တယောက်ပြီးတယောက်ကို မျက်နှာဖုံးစွပ် မကောင်းဆိုးဝါး လူသတ်သမားတယောက်က သတ်ခံရချိန်မှာ ဒါဟာ ပျော် ရွှင်ရအောင်ခြောက်လှန့်တာလား။ တကယ့်အမှန်တရားလားဆိုတာကို မသိနိုင်ခဲ့ပဲ ဖြစ် နေခဲ့တဲ့အခြေအနေတွေကို ဒီရုပ်ရှင်ကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Amy Forsyth, Reign Edwards, Bex Taylor-Klaus နဲ့ Tony Todd တို့က ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက် တွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အ ဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားဟာ Rotten Tomatoes မှာတော့ Rating 91 % ထိ ရရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဓားင ပြူးအမည်ရတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပါတယ်။ အချစ်၊ ဟာသဇာတ်မြူးရုပ်ရှင်ကြိုက် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဒီကား ကိုတော့ Lavender ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဓနုတ်ကိုကိုဇော်ရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲပေးထားတဲ့ ဒီရုပ် ရှင်ကားကိုတော့ ဒါရိုက်တာ ကျော်သားကြီးက ပုံဖော်ရိုက်ကူးပေးထားတာပါ။ ဓားငပြူးဘွဲ့ရ မောင်ပြူးအဖြစ် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ရွာထဲက ကိုရီး ယားမင်းသားရူး ရူးနေတဲ့ ခင်လှိုင်၊ ပေါ်ပြူလာဖြစ်ချင်လို့ ဂျမ်းပုံကနေ ဂျမ်းရတီဖြစ်လာခဲ့ တဲ့ ရွာထဲက အလှဆုံးမိန်းကလေးနေရာမှာတော့ သရုပ်ဆောင် မင်းသမီး ရွှေသမီးတို့က ခေါင်းဆောင်ပါဝင်ထားကြတဲ့ ဒီရုပ်ရှင်ကားထဲမှာ ဘယ်လို ကမောက်ကမ၊ အလွဲအချော် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အချစ်၊ ဟာသပုံစံ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ စက်တင်ဘာလ ၂၃ ရက်နေ့က ပြူလုပ်ခဲ့တာ ဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း Facebook ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၆ သိန်းခွဲနီးပါးရှိနေခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ ခုတလောမှာ ဟာသရုပ်ရှင်ဇာတ်ကားတွေ ခပ်စိပ်စိပ်ထွက်နေပြီး ရွှေ သမီးကလည်း နောက်ပိုင်းမှာ ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့ မင်းသမီးတယောက် ဖြစ်တာမို့ သူတို့ ၂ ယောက်ရဲ့ တွဲဖက်သရုပ်ဆောင်မှုတွေ ဘယ်လိုရှိမလဲဆိုတာကို တော့ ဒီကားထဲမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသသွား မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဗြိတိန်သရုပ်ဆောင် မင်းသမီး Keira Knightley ခေါင်းဆောင်ပါဝင် ထားတဲ့ ရုပ်ရှင်ကားပါ။ Colette လို့ အမည်ရပါတယ်။ ဒီကားကတော့ Biographical Drama ရုပ်ရှင်အမျိုးအစား ကြိုက်တဲ့ ပရိသတ် တွေ နှစ်သက်ကြမယ့် ရုပ်ရှင်ကားတကားဖြစ်ပြီး စာပေသမိုင်းမှာ ထင်ရှားတဲ့ ပြင်သစ် ၀တ္ထုရေးဆရာမ Colette ရဲ့ ဘ၀ဇာတ်ကြောင်းကို ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Wash Westmoreland က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ၁၈၇၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကမ္ဘာ့စာပေသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Colette ရဲ့ အကြောင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉၄၈ ခုနှစ်မှာ စာပေဆိုင်ရာ နိုဗယ်လ် ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပေမယ့် တကယ်တမ်းတော့ သူ့ရဲ့ ဘ၀ဖြတ်သန်း မှုဟာ အလွယ်တကူတော့ မဟုတ်ခဲ့ပါဘူး။ သူ့ထက်အသက် ၁၄ နှစ်ပိုကြီးတဲ့ စာရေးဆ ရာ၊ ထုတ်ဝေသူတဦးနဲ့ လက်ထပ်ခဲ့ရပြီး သူရေးတဲ့ စာအုပ်တွေကို ခင်ပွန်းဖြစ်သူနာ မည်နဲ့ ရေးပေးဖို့ ဖိအားပေးခံခဲ့ရတာပါ။ ဒီလိုအခြေအနေတွေကနေ နောက်ပိုင်းမှာ ဘယ် လိုရုန်းထွက်နိုင်ခဲ့သလဲ။ ကျား၊မတန်းတူညီမျှမှုဆိုင်ရာ စံတွေနဲ့ ဘယ်လိုတွန်းလှန်ခဲ့ရသ လဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာပါ။ အဓိကဇာတ်ကောင် Colette နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Keira Knightley နဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Dominic West, Eleanor Tomlinson, Denise Gough တို့က အတွဲညီညီ ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာလည်း Rating 6.1 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ် ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ အခုနှစ်ဆန်းပိုင်း ဇန်န၀ါရီလက ပြသခဲ့တာဖြစ်ပြီး ချီးကျူးမှုတွေ၊ ပရိသတ်အားပေးမှုတွေလည်း ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၁၁ မိနစ်ရှိတဲ့ Colette ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့တည်းက ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားတကားရှိပါ တယ်။ ဒီကားကတော့ ထူးထူးခြားခြား ရုရှား-အမေရိကန် ဖက်စပ်ရိုက်ကူးထားတဲ့ ရုပ် ရှင်ကားတကားပါ။ Maximum Impact လို့ အမည်ရပါတယ်။ ဒီကားကိုတော့ ပိုလန်ရုပ်ရှင်ဒါရိုက်တာ Andrzej Bartkowiak က ရိုက်ကူးပုံဖော် ပေးထားတာ အက်ရှင်ကားကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမယ့် ဇာတ်ကားတကား ဖြစ်ပါတယ်။ မအောင်မြင်ခဲ့တဲ့ အကြမ်းဖက်လုပ်ကြံမှုတခုကို နှိမ်နင်းဖို့အတွက် ရုရှား FSB Agents တွေနဲ့ အမေရိကန် CIA Agents တွေ အတူပူးပေါင်းပြီး Mission အောင် မြင်အောင် ၂ နိုင်ငံ လုပ်ဆောင်ကြတဲ့ ဇာတ်လမ်းပါ။ ဒီကားထဲမှာတော့ ရုရှား၊ အမေရိကန်သရုပ်ဆောင်တွေ ပူးပေါင်းပါဝင်ထားကြတာ ဖြစ်ပြီး ဘယ်လိုကြမ်းကြမ်းရမ်းရမ်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ရှုစားကြရမလဲဆိုတာကို တော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ Not Rated - NR အဆင့် သတ်မှတ်ထားပြီး ရုရှားနဲ့ အမေ ရိကန် သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Alexander Nevsky, Yevgeny Stychkin, Mark Dacascos နဲ့ Kelly Hu တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ English, Russian ဘာသာစ ကား ၂ မျိုးလုံးကို အသုံးပြုထားပြီး လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024