A d v e r t i s e m e n t With Us

မလေးရှားဝန်ကြီးချုပ်ဟောင်း၏ဇနီးကို ငွေအလွဲသုံးစားမှု စစ်ဆေးမြန်းခံရန် လာရောက်

မလေးရှားဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီး ရို(စ) မာ မန်ဆောဟာ နိုင်ငံပိုင် 1MDB ရန်ပုံငွေတွေ အလွဲသုံးစားလုပ်မှု အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းခံဖို့ မလေးရှားအဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံးကို စက်တင်ဘာ ၂၆ ရက်က ဒုတိယအကြိမ်လာရောက်ခဲ့ပါတယ်။ 1MDB ရန်ပုံငွေ ဒေါ်လာ သန်းထောင်ချီ ဘယ်လိုပျောက်ဆုံးသွားလဲဆိုတာကို စုံစမ်းမှုအတွင်း တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရို(စ)မာကို မေးမြန်းမှု ထွက်ပေါ်လာတာပါ။ ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ကတော့ ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးမှု၊ ယုံကြည်မှုချိုးဖောက်မှု စတဲ့စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါတယ်။ အသက် ၆၆ နှစ်အရွယ် ရို (စ) မာဟာ ၀န်ကြီးချုပ်ကတော်ဖြစ်ချိန်တုန်းက နာမည်ကျော် လက်ကိုင်အိတ်တွေ ထည်လဲကိုင်တာ၊ လက်ဝတ်ရတနာတွေ ၀တ်တာနဲ့ ဒေါ်လာထောင်ချီသုံးပြီး ဈေးဝယ်တာတွေကြောင့် လူထုရဲ့အာရုံစိုက်မှုရထားသူပါ။ ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်ရဲ့ လစာနဲ့ ဒီလိုအသုံးအဆောင်တွေကို ဘယ်လို သုံးနိုင်လဲဆိုတာကိုလည်း မလေးရှားနိုင်ငံအတွင်း မေးခွန်းထုတ်မှုတွေရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up