Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 26, 2018
မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၈၅၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၈၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။  ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၉၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၇၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၁၇၀၀ ပေါက် ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၃၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ ကုလားပဲ v2 မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၆၀၀၀ ကနေ ၇၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၄၄၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၈၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၂၆၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ နှမ်းညို မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၄၂၀၀၀ ကနေ ၁၄၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၃၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀၀ ဈေး ကွာခြားမှုရှိပါတယ်။ နှမ်းနက်(စမုံ) မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၂၂၀၀၀၀ ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၃၈၀၀၀ ကနေ ၂၄၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၈၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၈၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ စားအုန်းဆီ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက ၁ ပိဿာကို ၁၇၉၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၈၀၀ ကနေ ၁၈၂၀ ပေါက်ဈေးရျိပြီး ၁ ပိဿာကို ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းနက် (စမုံ) ကတော့ နှစ်ရက်အတွင်းေ ဈးပြန်ဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လုံး ဈေးတွေ ဆက်တိုက်တက်နေပေမယ့် လက်ရှိမှာ အရောင်းအ၀ယ်ပုံမှန် ပြန်ဖြစ်သွားတဲ့အပြင် ငွေလဲလှယ်နှုန်းဈေးကျဆင်းသွားခဲ့တဲ့အတွက် ဈေးက ကျဆင်းသွားခဲ့ပါတယ်။ နှမ်းနက်(စမုံ)ကို တရုတ်အပြင် ဂျပန်ကပါ ၀ယ်ယူတဲ့အတွက် စက်တင်ဘာ ၁ လလုံး ဈေးဆက်တိုက်တက်နေခဲ့ပြီး ၁ လအတွင်း ၁ အိတ်ကို ၅၀၀၀၀ ကျော် ဈေးတက်လာပါတယ်။ စားအုန်းဆီဈေးကလည်း လက်ရှိမှာ ဈေးကျဆင်းနေခဲ့ပါတယ်။ ငွေဈေးအပြောင်းအလဲရှိတဲ့အတွက် စက်တင်ဘာအစမှာ ဈေးအနည်းငယ်တက်ခဲ့ပေမယ့် လက်ရှိမှာ ငွေဈေးအနည်းငယ်ကျဆင်းလာတဲ့အတွက် ဆီဈေးနှုန်းကလည်း ကျဆင်းသွားပါတယ်။ စားအုန်းဆီကတော့ အခြားသီးနှံတွေလို အတက်အကျမကြမ်းပဲ အနည်းငယ်တက်ပြီး အနည်းငယ်သာ ဈေးကျဆင်းပါတယ်။ ၁ လအတွင်းမှာတော့ ၁ ပိဿာကို ၅၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024