ဝင်ဘလေကွင်းအား ဖူဟမ်းအသင်းကို ရောင်းချရန် သဘောတူလိုက်ပြီဟု သတင်းထွက်ပေါ်

2.2K
အင်္ဂလန်အက်ဖ်အေဟာ ၀င်ဘလေကွင်းအား ဖူဟမ်အသင်းကို ရောင်းချဖို့ သဘောတူညီ လိုက်ပြီ သတင်းထွက်နေပါတယ်။
လန်ဒန်အခြေစိုက် ဖူဟမ်အသင်းပိုင်ရှင် ရှာဟစ်ခမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်း အိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ ၀င်ဘလေကွင်းကို ပေါင်သန်း ၈၀၀ နဲ့ ၀ယ်ယူဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ကမ်းလှမ်းထားတာပါ။
ဝင်ဘလေကွင်းကို ရောင်းချဖို့ အကြမ်းအားဖြင့် သဘောတူညီခဲ့ပေမယ့် အက်ဖ်အေ ဘုတ်အဖွဲ့ဝင် ၁၀ ဦးက အပြီးသတ်ဆုံးဖြတ်ချက်ချရဦးမယ်လို့ ဒေးလီးမေးလ်သတင်းစာကဖော်ပြပါတယ်။
ကွင်းကို ရောင်းချမယ်ဆိုရင် အက်ဖ်ဖလား ဗိုလ်လုပွဲလို ပွဲကြီးတွေကို ဆက်ပြီး ကျင်းပနိုင်မှာဖြစ်ပေမယ့် အမေရိကန်ဘောလုံး ပြိုင်ပွဲတွေ ကျင်းပမှာကိုတော့ အက်ဖ်အေတာဝန်ရှိသူတွေက သဘောကျခြင်းမရှိဘူးလို့ ဆိုပါတယ်။
ကွင်းရောင်းချခြင်းနဲ့ ပတ်သက်တဲ့ နောက်ဆုံး အဆုံးအဖြတ်ကိုတော့ အခုတပတ်အတွင်းမှာ အဖြေပေါ်ဖို့ရှိနေပါတယ်။