A d v e r t i s e m e n t With Us

လူငယ်ကစားသမား ဖီးလ်ဖိုဒန် မန်စီးတီးတွင် ၁၀ နှစ်ခန့် ကစားနိုင်ဟု နည်းပြပြော

လူငယ်ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်ဟာ အနည်းဆုံး ၁၀ နှစ်လောက် မန်စီးတီးအသင်းမှာ ကစားနိုင်တဲ့ ခြေစွမ်းရှိတယ်လို့ နည်းပြ ဂွါဒီယိုလာက ချီးကျူးပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ အင်္ဂလန်ကစားသမား ဖိုဒန်ဟာ အောက်စ်ဖို့ဒ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးလည်း သွင်းခဲ့ပါတယ်။ ပြိုင်ဘက် အောက်စ်ဖို့ဒ် နည်းပြ ရော်ဘင်ဆင်ကိုယ်တိုင်က ဖိုဒန်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး အင်နီယေစတာလက်သစ်လို့ ချီးကျူးခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အင်နီယေစတာနဲ့ ခိုင်းနိုင်းပြီး သူ့ကို ဖိအား မပေးလိုပေမယ့် မန်စီးတီးအသင်းမှာ အချိန်ကြာမြင့်စွာ ကစားနိုင်မယ့်သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန် ယူ ၁၇ အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိထားတဲ့ ဖီးလ်ဖိုဒန်ဟာ မန်စီးတီး အသင်းမှာ ပွဲထွက်ခွင့်ရဖို့ မလွယ်ကူပေမယ့် ရှုံးထွက်ပွဲတွေမှာတော့ ပွဲထွက်ကစားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up