ရန်ကုန်တွင် စုမဲငွေလိမ်မှုပေါင်း ၅၀ ကျော်၊ ကျပ်သိန်းပေါင်း ၁၂,၃၀၀ ခန့်ရှိနေ
အာကာ
·
September 26, 2018
လူကိုယ်တိုင်နဲ့ အင်တာနက်ကတဆင့် စုမဲငွေလိမ်တာတွေကြောင့် ရန်ကုန်တိုင်း ဒေသကြီး ခရိုင်တရားရုံး ၄ ခုမှာ အမှု ၅၄ မှု၊ ငွေပမာဏ သိန်းပေါင်း ၁၂,၃၀၀ လောက် အမှုရင်ဆိုင် နေရတယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး ကပြောပါတယ်။
စက်တင်ဘာလ ၂၆ ရက်မနက် ရန်ကုန်တိုင်းလွှတ်တော်မှာ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ လူကိုယ်တိုင်နဲ့ အင်တာနက်ကနေ စုမဲကိစ္စ ဆောင်ရွက်တာတွေကို မည်သို့တားဆီး အရေးယူမည်ကို သိရှိလိုကြောင်းမေးခွန်းကို နယ်လုံဝန်ကြီးက အခုလို ဖြေကြားသွားတာပါ။
ရန်ကုန်တိုင်းဒေသကြီးထဲမှာ လက်ရှိ ရဲက စစ်ဆေးဆဲ စုမဲငွေလိမ်တဲ့ အမှု ၂၂ မှု တန်ဖိုး ကျပ်သိန်း ၅၉၉၉ ကျော် ရှိတယ်လို့ ဆိုပါတယ်။