A d v e r t i s e m e n t With Us

ပါတီတွင်းစည်းလုံးညီညွတ်မှ ​ရွေး​ကောက်​ပွဲတွင် ခွပ်​​ဒေါင်းအလံ​ဆက်လွှင့်ထူနိုင်​မည်

လူငယ်​မျိုးဆက်​သစ်​​တွေအ​နေနဲ့ ပါတီအ​ပေါ်သစ္စာရှိကြဖို့နဲ့  စည်းလုံး ညီညွတ်မှုရှိကြဖို့ မန္တ​လေးတိုင်း အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​​နာယကကြီး ဦးသိန်းတန်​က​ ပါတီဝင်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်​။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ပဒုမ္မာခန်းမမှာ ဒီကနေ့ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်​(အန်အယ်လ်ဒီ) ပါတီတည်ထောင်ခြင်း နှစ်ပေါင်း ၃၀ ပြည့် ပုလဲရတု အခမ်းအနားမှာပြောကြားခဲ့တာပါ​။ ပါတီတွင်း စည်းစည်းလုံးလုံးရှိကြမှာသာ လာမယ့် နိုဝင်ဘာလ ကြားဖြတ်​​ရွေး​ကောက်​ပွဲနဲ့ ၂၀၂၀ပြည့်ရွေး​ကောက်​ပွဲကို ဆက်​ပြီး ခွပ်​​ဒေါင်းအလံ​တွေ လွှင့်​ထူနိုင်​မှာဖြစ်​တယ်​လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အန်အယ်လ်ဒီပါတီ တခုတည်းသာရှိသင့်တယ်​လို့ ပါတီရဲ့ဗဟို ဒုဥက္ကဋ္ဌ ၂ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်​။ “ပုတီးတကုံးလို ဖြစ်သင့်တယ်။ အဲ့ဒီပုတီးတစ်ကုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးပေါ့။ အဲ့ဒီပုတီးထဲမှာဝင်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ထူထောင်ရေးကို လုပ်ကြမယ်​။ ပြည်ထောင်စုကြီး ထူထောင်ရေးကို လုပ်မယ်ဆိုလို့ရှိရင် ဒီမိုကရေစီပါတီ တစ်ခုတည်းရှိတဲ့အတွက် အားသာချက်တွေရှိတယ်ပေါ့​လေ။ ကိုယ့်ပြည်နယ်ရဲ့ အရေးအခင်း ကိုယ့်လူမျိုးတိုင်းရင်းသားတွေရဲ့ အရေးအခင်းကိုပြောမယ်ဆိုလို့ရှိရင်လည်း အဖွဲ့ချုပ်ထဲ ကနေပြီး လုပ်လို့ရနေတာပဲ။ အရေးကြီးတာက တောင့်တောင့်တင်းတင်းနဲ့ ပါတီကြီး တစ်ခုရှိနေခြင်းဟာ ကျနော်တို့နိုင်ငံရဲ့ဒီမိုကရေစီအားကောင်းမောင်းသန်ဖြစ်မယ်ဆို တာ ကျနော်တို့ အမြဲပြော​နေရတာလို့ ပြောပါတယ်။” ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး  အန်အယ်လ်ဒီပါတီရဲ့ နာယကတွေဖြစ်ကြတဲ့ ဦးသန်းထိုက်၊ ဦးကိုလေး(အင်းဝဂုဏ်ရည်)၊ ဦးသိန်းတန် (သိန်းတန်​စာ​ပေ) ဒေါက်တာကိုကိုကြီး ​ဒေါ်နွဲ့နွဲ့စသူတွေအပါအ၀င် မန္တ​လေးတိုင်းအတွင်း မြို့နယ်အသီးသီးက လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ ပါတီဝင်​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ အခမ်းအနားမှာ မန္တလေးတိုင်း အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ရဲ့ နှစ်ပေါင်း ၃၀ အတွင်းကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ လှုပ်ရှားမှုတွေ အပါအ၀င် စိတ်ဝင်​စားစရာ​ မှတ်တမ်းဓာတ်ပုံ ၃၀၀၀ ကျော်နဲ့ ဗွီဒီယိုမှတ်​တမ်း​တွေကို ပြသထားပါတယ်​။

A d v e r t i s e m e n t With Us

More News
Up