အမျိုးသမီး အရည်အသွေးနှင့်ပညာရေး ထိပ်တန်းအရေးအဖြစ် ကနေဒါ၊ ပြင်သစ်နှင့်ဗြိတိန် ဆွေးနွေး

ကနေဒါ၊ ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးအတွင်း ဆွေးနွေးရာမှာ အမျိုးသမီး အရည်အသွေး တိုးမြှင့်ရေးနဲ့ ပညာရေး လက်လှမ်းမီမှုကို ထိပ်တန်းအရေးအဖြစ် စက်တင်ဘာ ၂၅ ရက်က ဆွေးနွေးခဲ့ပါတယ်။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူကတော့ ရွှေ့ပြောင်းနေထိုင်တဲ့ အမျိုးသမီးတွေ အလုပ်အကိုင်ရရှိရေးနဲ့ ရာသီဥတု ပြောင်းလဲမှုအကြောင်းကို အသားပေး ပြောသွားတာပါ။ ပညာရေးကနေတဆင့် အရည်အသွေးမြှင့်တင်ဖို့ဟာ ပိုကောင်းတဲ့ ကမ္ဘာကို တည်ဆောက်ဖို့ အဓိက အချက်ပဲလို့ ထရူဒူက ပြောပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းကတော့ ချုပ်ချယ်မှုကနေ လွတ်မြောက်ခွင့် ပေးဖို့၊ တန်းတူညီမျှဖို့ မိန်းကလေးတွေ ပညာရေး လမ်းစရဖို့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်ဓလေ့တွေကို တိုးတက်အမြစ်တွယ်အောင် လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရေဆာမေက ကမ္ဘာတလွှား မိန်းကလေး သန်း ၁၃၀ ဟာ တရားဝင် ပညာရေးကို မရကြဘူးလို့ ထောက်ပြပါတယ်။ အမျိုးသမီး အရည်အသွေး တိုးမြှင့်ရေးကို ထောင်စုနှစ်ဖွံ့ဖြိုးမှု ပန်းတိုင်ရဲ့ အာဘော်အဖြစ် အရင်က သတ်မှတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မူလတန်းပညာရေး လူတိုင်း လက်လှမ်းမီရေး ပန်းတိုင်ကို ၂၀၁၅ မှာ ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၀၃၀ အတွက် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ပန်းတိုင်သစ်ကတော့ လူတိုင်း ၁၂ နှစ်ကြာတဲ့ အရည်အသွေးပြည့် မူလတန်းနဲ့ အထက်တန်း ပညာရေး ပြီးစီးရမယ့် အခွင့်အလမ်းကို ရရှိရေး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up