စစ်တွေမြို့တွင် စရဖတပ်ကြပ်ကြီး ၁ ဦးသေနတ်ဖြင့် ပစ်သတ်ခံရ

3.7K
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၀င် တပ်ကြပ်ကြီးတဦး မနေ့ညက သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားပါတယ်။
စရဖ တပ်ကြပ်ကြီးဖိုးလုံးဟာ ဈေးရောင်းပွဲတော်မှာ မနေ့ည ၁၀ နာရီလောက်က အမည်မသိ သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆေးရုံသို့အသွားလမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
တပ်ကြပ်ကြီး ဖိုးလုံးဟာအရင်က စစ်တွေမြို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အခု ရန်ကုန်ကို ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေရာမှာ သူအမျိုးသမီးရှိရာ စစ်တွေကို အလည်ပြန်လာစဉ်မှာ အခုလို သတ်ဖြတ်ခံရတာဖြစ်ပါတယ်။
ခုလို အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲဘက်ကရော စရဖဘက်ကပါ သတင်းထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။