ဗြိတိန်အမျိုးသမီး မုဒိမ်းပြုကျင့်ခံခဲ့ရခြင်းမဟုတ်ကြောင်း ထိုင်းရဲစစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံ၊ ခိုဖန်ဂန်ကျွန်းတကျွန်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ တိုင်ကြားထားတဲ့ ဗြိတိန်အမျိုးသမီးမှာ အဲဒီလိုပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ သက်သေအထောက်အထားတစုံတရာ မရှိကြောင်း ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ရဲတွေဟာ ဗြိတိန်သံရုံးမှတဆင့် အဆိုပါအမျိုးသမီးရဲ့ မိသားစုက ဒီအမှုကို စစ် ဆေးပေးဖို့ အစီရင်ခံစာကို စက်တင်ဘာ ၂၃ ရက်နေ့မှာ လက်ခံရရှိခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ် ပါးထရစ်ဂ်ျအမည်ရတဲ့ အမျိုးသမီးဟာ ခိုဖန်ဂန်ကျွန်းကို အလည်အပတ်ရောက်နေခဲ့ပြီး တညလုံးပါတီမှာ ပျော်ပါးခဲ့တာပါ။ ဒါပေမယ့် မနက်လင်း ချိန်မှာတော့ သူနေထိုင်ရာ ဘန်ဂလိုအခန်းထဲမှာ ၀စ်လစ်စလစ်အခြေအနေနဲ့ ရှိနေခဲ့ပြီး ဘာကိုမှ မမှတ်မိခဲ့တော့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်တော့ မိသားစုဆီ ဖုန်းဆက်သွယ်ခဲ့ကာ လိင်ပိုင်းထိပါးကျူးလွန်ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ တိုင်ကြားခဲ့တာပါ။ ရဲတွေဟာ ပါးထရစ်ဂ်ျကို ဆေးရုံကိုခေါ်သွားခဲ့ပြီး မှုခင်းဆေးပညာဆရာဝန်တွေနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ ထိပါးခံရပြီး မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ အထောက်အထားမတွေ့ခဲ့ရကြောင်း ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ သူ့ကို ရဲစခန်းဆီ ဗြိတိန်ကောင်စစ်ဝန်နဲ့အတူ ခေါ်ဆောင်လာခဲ့ပြီး လိုအပ်တဲ့ မေးမြန်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးချိန်မှာတော့ ပါးထရစ်ဂ်ျက ရဲတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up