အကြမ်းဖက်မှုကို တိုက်ထုတ်ရန် ယတိပြတ်ဆုံးဖြတ်ထားကြောင်း အီရန်သမ္မတ ပြော

ပုံစံမျိုးစုံနဲ့ ကျူးလွန်တဲ့ အကြမ်းဖက်မှုကို တိုက်ထုတ်ဖို့ အီရန်နိုင်ငံအနေနဲ့ ယတိပြတ်ဆုံးဖြတ်ထားတယ်လို့ သမ္မတ ဟတ်ဆန်ရိုဟာနီက ကုလသမဂ္ဂမှာ ပြောကြားလိုက်ပါတယ်။ “အရင်ဆုံး ကျနော့်အနေနဲ့ စက်တင်ဘာ ၂၂ ရက်နေ့က သေဆုံးခဲ့သူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။ သူတို့ဟာ အာဗက်စ်မြို့ စစ်ရေးပြပွဲမှာ အကြမ်းဖက်သမားတွေ သူရဲဘောကြောင်စွာ တိုက်ခိုက်လို့ သေဆုံးရတာဖြစ်ပါတယ်။ ဒီအတွက် အီရန်နိုင်ငံအနေနဲ့ ပုံစံမျိုးစုံနဲ့ ကျူးလွန်တဲ့ အကြမ်းဖက်မှုကို တိုက်ထုတ်ဖို့ ယတိပြတ်ဆုံးဖြတ်ထားတယ်။” “နယ်ဆင်မင်ဒဲလားဟာ ခေတ်ပြိုင်သမိုင်းမှာ အံ့ဖွယ်လူသားတွေထဲက တဦးဖြစ်တယ်လို့ ကျနော် ပြောလိုပါတယ်။ သူဟာ ငြိမ်းချမ်းရေးနဲ့ ရင်းနှီးခင်မင်မှုကို အဆင်ပြေမယ့် နည်းလမ်းတခုထက် လိုအပ်ချက်တရပ်အဖြစ် စဉ်းစားခဲ့တာပါ။ အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့ ၁ဝ စုနှစ်တာအတွင်း အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ဆန့်ကျင်တဲ့ လူ့အဖွဲ့အစည်းကြားမှာ စေ့စပ်ဆွေးနွေးရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့အတူ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအားလုံး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးရေး စတဲ့ အားတက်ဖွယ် အစီအစဉ်တွေကို တင်ပြခဲ့ပြီးပါပြီ။ အီရန်နိုင်ငံအနေနဲ့ အဲဒီ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်သွားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေး လိုလားတဲ့၊ သည်းခံမှုရှိတဲ့ ခေါင်းဆောင်တွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့လည်း သမ္မတ ရိုဟာနီက စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up