Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ရှိ  အလှူခံပုံး ခိုးယူခံရ
DVB
·
September 26, 2018
ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်မှာ အများပြည်သူလှူဒါန်းနိုင်ဖို့ ထားရှိတဲ့ အလှူခံပုံးတပုံး ခိုးယူခံရပြီး ပျောက်ဆုံးနေတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၄ ရက် ည ၉ နာရီက တာဝန်ကျလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တွေက ရင်ပြင်တော်ရဲကင်းစခန်း တပ်ဖွဲ့ဝင်တွေနဲ့အတူ ရင်ပြင်တော်ပေါ်မှာထားရှိတဲ့ အလှူခံပုံး ၁၀ ပုံးကို စုစည်းကာ နိုင်လွန်ကြိုးနဲ့ တုပ်ချည်ပြီး တာလပတ်အုပ် သိမ်းဆည်းထားခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီမှာတော့ လှည့်ကင်းဆောင်ရွက်စစ်ဆေးရာမှာ အလှူခံပုံးတွေကို ချည်နှောင်ထားတဲ့ နိုင်လွန်ကြိုး ပြတ်တောက်နေပြီး အလှူခံပုံး ၁ ပုံး ပျောက်ဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အလှူခံပုံးပျောက်ဆုံးမှုနဲ့ပတ်သက်လို့  ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တွေထံ သတင်းပို့ကာ နယ်မြေခံ ရဲကင်းစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေက လိုက်လံပိတ်ဆို့ရှာဖွေနေတယ်လို့ အစိုးရ သတင်းမှာဖော်ပြပါတယ်။ အလှူခံပုံးမှန်ကိုခွဲပြီး အလှူငွေတွေကို ခိုးယူသွားတာဖြစ်ပြီး ခိုးယူခံခဲ့ရတဲ့ အလှူခံပုံးထဲမှာ အများပြည်သူတွေ လှူဒါန်းထားတဲ့ အလှူငွေပမာဏ ဘယ်လောက်ရှိ သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဓာတ်ပုံ - bahuthuta.net
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024