A d v e r t i s e m e n t With Us

ကမ္ဘာပတ်ရွက်လွှင့်ပြိုင်ပွဲတွင် ပင်လယ်ထဲ ဒဏ်ရာရရှိခဲ့သူကို အိန္ဒိယရေတပ် ကယ်ဆယ်

The yacht of an Indian sailor was seen stranded at sea off the coast of Australia before he was rescued on Monday. Nina Burton reports.
တကိုယ်တော် ကမ္ဘာပတ် ရွက်လွှင့်ပြိုင်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အိန္ဒိယရွက်လွှင့်သူကို ကယ်ဆယ်ခဲ့ပြီးပြီလို့ အိန္ဒိယ ရေတပ်က စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ မုန်တိုင်းကြောင့် ပျက်နေတဲ့ ရွက်လှေနားကို ပြင်သစ် ငါးဖမ်းသင်္ဘောတစီး ရောက်နေပြီလို့ သြစတြေးလျ အာဏာပိုင်တွေက ပြောအပြီးမှာ ခုလို ပြောလိုက်တာပါ။ သြစတြေးလျနိုင်ငံ အနောက်ဘက် ကမ်းလွန်က ၂၁၇၅ မိုင်အကွာ ပင်လယ်ထဲမှာ မုန်တိုင်းအတွင်း ရွက်လှေက ဆိုးဆိုးရွားရွား ပျက်စီးပြီး ရွက်လွှင့်သူလည်း နောက်ကျောမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တာပါ။ ရွက်လွှင့်သူ အဘီလပ်ရှ်တိုမီက စက်တင်ဘာ ၂၂ ရက်မှာ အရေးပေါ်အကူအညီ တောင်းခဲ့ပါတယ်။ တိုမီဟာ သူရိယလို့ နာမည်ပေးထားတဲ့ အိန္ဒိယလုပ် ရွက်လှေနဲ့ မိုင် ၃ သောင်း ခရီးရှိတဲ့ ရွှေကမ္ဘာပြိုင်ပွဲကို ပါဝင်ဆင်နွှဲတဲ့ ပထမဆုံး အိန္ဒိယနိုင်ငံသား ဖြစ်ပါတယ်။ တကိုယ်တော် ကမ္ဘာပတ်ရွက်လွှင့်တဲ့ ပြိုင်ပွဲဝင်သူတွေဟာ ဆက်သွယ်ရေး ပစ္စည်းကလွဲရင် တခြားခေတ်သစ် နည်းပညာတွေ မသုံးဖို့ တားမြစ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up