Home
မြန်မာသတင်း
ယာဉ်ကြောပိတ်ဆို့မှုရှင်းလင်းရန် ခေတ်မီအချက်ပြထိန်းချုပ်ရေးစင်တာ အချိန်မီမပြီးစီးဘဲဖြစ်နေ
အာကာ
·
September 25, 2018
ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းဖို့ ခေတ်မီအချက်ပြစနစ်နဲ့ ထိန်းချုပ်ရေး စင်တာ တည်ဆောက်နေတဲ့ ကုမ္ပဏီတွေဟာ အချိန်မီမပြီးစီးတဲ့အတွက် လုပ်ငန်းလုပ်ဆောင် နိုင်မယ့်အဖွဲ့သစ်ကို ရွေးချယ်တာဝန်ပေးသင့်တယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ အကြံပြုချက် အစီရင်ခံစာကို မနေ့က လွှတ်တော်မှာ ဖတ်ကြားခဲ့တာပါ။ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ တွေ့ရှိချက်အရ ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆိုမှု ရှင်းလင်း ဖို့အတွက် ခေတ်မီအချက်ပြစနစ်နဲ့ထိန်းချုပ်ရေးစင်တာစီမံကိန်းအတွက် တင်ဒါအောင်မြင်တဲ့ Myanmar Shwe Ying ကုမ္ပဏီနဲ့ China Railway 21st Bureau Group တို့ကို ကျပ် ၁၈.၉၃၈ ဘီလီယံနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြီးစီးရမယ့် ၂၀၁၆ သြဂုတ် ၂ ရက်နေ့မှာမပြီးရင် တစ်ရက် ဒဏ်ကြေး ကျပ်၁သိန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။ ဒဏ်ကြေးတွေကို ရက်ပေါင်း ၂၁၀ အတွက် ကျပ် ၂၁ သန်းသာ ကောက်ခံရရှိပြီး ဆက်လက်ကောက်ခံရရှိခြင်း မရှိသေးတဲ့အပြင် လုပ်ငန်းကလည်း ဒီနေ့အထိ မပြီးသေးဘူးလို့ ဆိုပါတယ်။ စာရင်းစစ်ချုပ်အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ရှင်းလင်းတင်ပြခဲ့ တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024