အေဂျက်လူငယ်ကြယ်ပွင့် ဒီဂျောင်ကို ခေါ်ယူရန် မန်ယူနှင့်မန်စီးတီး စိတ်ဝင်စားနေ

1.7K
မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ အေဂျက်လူငယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပါတယ်။
အသက် ၂၁ နှစ်ရှိ ဟော်လန်လက်ရွေးစင် ဖရန်ကီဒီဂျောင်ဟာ ဥရောပရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့်ကစာသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီး ထိပ်တန်း အသင်းကြီးတွေရဲ့ စောင့်ကြည့်တာကို ခံရနေသူပါ။
ကွင်းလယ်ကစားသမားတဦးဖြစ်ပြီး ခံစစ်ပိုင်းမှာလည်း ကစားနိုင်တဲ့ ဒီဂျောင်ဟာ အေဂျက်အသင်းအတွက် ပွဲ ၅ဝ လောက်ကစားထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပွဲထွက်ခွင့်ရထားပါတယ်။
လူကာမိုဒရစ်လက်သစ်လို့ သတ်မှတ်ခံထားရတဲ့ ဒီဂျောင်ကို အေဂျက်ဇ်အသင်းက ပေါင် ၇၂ သန်းတန်ဖိုး သတ်မှတ်ထားပြီး အခုနှစ်မှာတော့ ရောင်းချဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီဂျောင်ဟာ ဟော်လန်လက်ရွေးစင်အသင်းမှာလည်း ၂ ပွဲကစားထားပါတယ်။