အမေရိကန်နှင့်တောင်ကိုရီးယား ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့ဟာ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တရပ်ကို စက်တင်ဘာ ၂၄ ရက်မှာ လက်မှတ်ရေးထိုးပါတယ်။ ဒီသဘောတူညီချက်ဟာ ၂ နိုင်ငံ ကုန်သွယ်ရေးမှာ သမိုင်းဝင် မှတ်တိုင်တရပ်ပဲလို့ ထရမ့်က ချီးကျူးပြောဆိုပါတယ်။ ကမ္ဘာတလွှားက နိုင်ငံအတော်များများနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ပြန်ပြီး ညှိနှိုင်းဖို့ ထရမ့်က ကြိုးစားနေတာပါ။ ပြန်သုံးသပ်ထားတဲ့ သဘောတူညီချက်ဟာ ကြိုးနီစနစ်ကို လျှော့ပေးပြီး အမေရိကန်နဲ့ တောင်ကိုရီးယားကို ပိုပြီး ကြွယ်ဝလာစေမယ်လို့ ပြောပါတယ်။ ဒီခေတ်မှာ မြင်ရခဲတဲ့ ကုန်သွယ်ရေးအတွက် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဥပမာတရပ်ကို ချမှတ်နိုင်ခဲ့ပြီလို့လည်း ထရမ့်က ပြောပါတယ်။ ဒ့ါအပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းနဲ့ ဒုတိယအကြိမ် ထိပ်သီးညီလာခံကို ကျင်းပရေး မကြာခင် ကြေညာနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ထရမ့်က စက်တင်ဘာ ၂၄ မှာ ပြောပါတယ်။ “ကင်မ်ဆီက ကိုယ်ရေး အမှာစကားကို ထရမ့်အတွက် ယူလာခဲ့ပေးတယ်၊ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ အမေရိကန် သမ္မတနဲ့ မကြာခင်တွေ့ဖို့ မျှော်လင့်နေတယ်” လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up