နှင်းလူတို့ကမ္ဘာကို ရောက်သွားတဲ့ လူသားအကြောင်း အန်နီမေးရှင်းရုပ်ရှင်-Smallfoot (နမူနာ)

ရယ်မောပျော်ရွှင်စရာ စွန့်စားခန်းဆန်ဆန် သရီးဒီအဲန်နီမေးရှင်း ရုပ်ရှင်ကြိုက် ပရိ သတ်တွေ နှစ်သက်ကြမယ့် ရုပ်ရှင်ကားတကားဖြစ်တဲ့ Smallfoot ကို လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros က တင် ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Karey Kirkpatrick က ပုံဖော်ရိုက် ကူးပေးထားတာ ဖြစ်ပါတယ်။ လူသားတွေအတွက်တော့ နှင်းလူဆိုတာ ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲ ရှိသလို နှင်း လူတွေရဲ့ ကမ္ဘာမှာလည်း လူသားတွေ ရှိနေတယ်ဆိုတာ ပုံပြင်တပုဒ်လိုပါပဲ။ ဒါပေမယ့် Migo ဆိုတဲ့ နှင်းလူကြီးတယောက်ဟာ လူသားတယောက်ကို အပြင်မှာ မျက်ဝါးထင်ထင် တွေ့လိုက်ရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ သူက လူသားတကယ်ရှိတယ်ဆိုပြီး ကြုံတွေ့ခဲ့ရတာကို ပြောပေမယ့် နှင်းလူတွေက သူ့ကို ဘယ်သူမှ မယုံကြတဲ့အခါ ပြန်ရှာဖွေပြီး လူသား Smallfoot တကယ်ရှိကြောင်း သက်သေပြတဲ့ အကြောင်းတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ နှင်းလူကြီး Migo နေရာမှာတော့ အမေရိကန်သရုပ် ဆောင်မင်းသား Channing Tatum က အသံနဲ့ သရုပ်ဆောင်ထားပြီး တခြားသရုပ် ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ James Corden, Zendaya, Common နဲ့ LeBron James တို့ကလည်း ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့သရုပ်ဆောင်မှုမြင်ကွင်းတွေ၊ ပြောစကားတွေဟာ ကလေးတွေအနေနဲ့ ကြည့်ရှုဖို့ မသင့်တော်တာတွေ ပါနေတာမို့ ဒီကားကိုတော့ မိ ဘအုပ်ထိန်းသူလမ်းညွှန်ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားတာဖြစ်ပြီး ရုပ်သံ Trailer ဟာလည်း ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up