ဆန်းချက်ဇ်အနေဖြင့် အကောင်းဆုံး ခြေစွမ်းပြလာလိမ့်မည်ဟု ပေါ့ဘာ ပြော

ဆန်းချက်ဇ်အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြလာရလိမ့်မယ်လို့ အသင်းဖော် ပေါ့ဘာ က ပြောကြားလိုက်ပါတယ်။ မန်ယူတောင်ပံကစာသမား ဆန်းချက်ဇ်ဟာ အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဝုဗ်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း လူစားလဲခြင်းခံခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားပြီး အသင်းကို ကူညီဖို့ အမြဲတမ်းကြိုးစားနေသူ ဖြစ်တယ်လို့ ပေါ့ဘာကဆိုပါတယ်။ လက်ရှိ ဆန်းချက်ဇ်ရဲ့ ကစားပုံဟာ အရမ်းဆိုးရွားနေတာမဟုတ်ဘဲ မကြာမီ အချိန်အတွင်းမှာ အကောင်းဆုံးခြေစွမ်းပြသလိမ့်မယ်လို့ ပေါ့ဘာက ဆိုပါတယ်။ ဒါ့အပြင် အသင်းတသင်းမှာ အချိန်ကြာအောင် ကစားလာတဲ့သူအတွက် အသင်းသစ်မှာ အထိုင်ကျဖို့ အချိန်ယူရမယ်လို့လည်း ပေါ့ဘာကပြောကြားခဲ့ပါတယ်။ အသက်၂၉ နှစ်ရှိ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့က အာဆင်နယ်ကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ တပတ်ပေါင် ၅ သိန်းနဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်ပြီး  အခုနှစ်ရာသီမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတဲ့အတွက် ဝေဖန်မူတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up