A d v e r t i s e m e n t With Us

၁၉ ကာရက်ခန့်ရှိ ပန်းရောင်စိန်ပွင့်ကို ဒေါ်လာ သန်း ၅ဝ ခန့်ဖြင့် ရောင်းချရန် မျှော်မှန်း

၁၉ ကာရက်နီးနီးရှိတဲ့ ပန်းရောင်စိန်ပွင့်ကို အမေရိကန်ဒေါ်လာ သန်း ၅ဝ လောက်နဲ့ ရောင်းချဖို့ မျှော်မှန်းထားတယ်လို့ လန်ဒန်မြို့ ခရစ္စတီးလ် လေလံရုံက စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လေလံပွဲ တာဝန်ရှိသူတဦးက ဒီပန်းရောင်စိန်ပွင့်ဟာ အရွယ်အစားကြီးမားပြီး အနှစ် ၂၅ဝ သက်တမ်းရှိတဲ့ ခရစ္စတီလေလံပွဲ သက်တမ်းတလျှောက် ၁ဝ ကာရက်ကျော်တဲ့ ပန်းရောင်စိန်ပွင့် ၄ ခုကိုသာ ရောင်းချခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါပုဂ္ဂိုလ်က ခရစ္စတီးလ်လေလံပွဲမှာ အနှစ် ၄ဝ လုပ်ခဲ့တဲ့ သက်တမ်းတလျှောက် ဒီလို စိန်ပွင့်မျိုး မတွေ့ဖူးဘူးလို့လည်း ဆိုပါတယ်။ အဲဒီ ပန်းရောင် စိန်ပွင့်ရဲ့ဖြူစင်မှု၊ တောက်ပမှု၊ လက်ရာသေသပ်မှုနဲ့ အရွယ်အစားဟာ အသက်ရှူ မှားလောက်တယ်လို့လည်း သူက  ပြောပါတယ်။ အဆိုပါ ပန်းရောင်စိန်ပွင့်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဖာမြို့မှာ ပြုလုပ်မယ့် လေလံပွဲ မတိုင်ခင် ဒီသီတင်းပတ်အတွင်း လန်ဒန်မြို့မှာ ပြသထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up