ဒါရိုက်တာမိုက်တီးကို ၄ ကြိမ်မြောက်ရုံးထုတ် (ဓာတ်ပုံ)
သူသူအောင်
·
September 25, 2018
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာမိုက်တီးကို စက်တင်ဘာလ ၂၅ ရက်က ရန်ကုန် တာမွေမြို့နယ်တရားရုံးမှာ ၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။
ဒါရိုက်တာမိုက်တီးကို သြဂုတ်လ၁၆ရက်က WY စိတ်ကြွဆေးပြား ၂၆ ပြားနဲ့ အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆ (ဂ)နဲ့ အရေးယူ ထားတာဖြစ်ပါတယ်။