A d v e r t i s e m e n t With Us

အမေရိကန်သင်းအုပ်ဆရာအမှု တရားရုံးဆုံးဖြတ်ချက်လေးစားရန် တူရကီသမ္မတပြောခွင့်ရ တိုက်တွန်း

အမေရိကန် သင်းအုပ်ဆရာရဲ့ အမှုအပေါ် လွတ်လပ်တဲ့ တရားရုံးဆုံးဖြတ်ချက်ကို လေးစားဖို့ တူရကီသမ္မတရဲ့ ပြောခွင့်ရ အီဗရာဟင်မ် ကာလင်း က တိုက်တွန်းလိုက်ပါတယ်။ တူရကီနိုင်ငံမှာ အနှစ်၂ဝ ကျော် နေထိုင်ခဲ့တဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်သား အမေရိကန်သင်းအုပ်ဆရာ အင်ဒရူဘရွန်ဆန်ရဲ့ အမှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တူရကီအပေါ် စီးပွားရေးဒဏ်ခတ်ခဲ့တာပါ။ သင်းအုပ်ဆရာဟာ အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံနေရပေမယ့် သူကတော့ မကျူးလွန်ဘူးလို့ ငြင်းဆိုထားပါတယ်။ “ကျနော်တို့က ဘယ်နိုင်ငံနဲ့မှ ဘယ်လို တင်းမာမှုကိုမှ မလိုချင်ပါဘူး။ ကျနော်တို့က အမေရိကန်အပါအဝင် နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်တယ်။ ဒါပေမယ့် ၂ နိုင်ငံကြား အရေးတွေကို သံတမန်နည်းလမ်းက တဆင့်ဖြေရှင်းရမယ်။ ပတ်စ်တာ ဘရွန်ဆန်တင်မကဘူး၊ ဆီးရီးယားနိုင်ငံထဲက YPG အုပ်စုအတွက် အမေရိကန်က ထောက်ပံ့နေတာ အပါအဝင် တခြားကိစ္စတွေ ရှိတယ်။ ဒါဟာ ကျနော်တို့ အမျိုးသား လုံခြုံရေးအတွက် စိုးရိမ်စရာပဲ” လို့ တူရကီ သမ္မတ ပြောခွင့်ရက ပြောပါတယ်။ ဘရွန်ဆန်ဟာ ၂ဝ၁၆ တုန်းက မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီး တူရကီနိုင်ငံ အတွင်း အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေထဲက တယောက်ပါ။ အမေရိကန်အခြေစိုက် ဘာသာရေးဆရာ ဖာသူလာ ဂူလန်ကြောင့် အာဏာသိမ်းမှု ဖြစ်တာလို့ တူရကီက စွပ်စွဲပြီး ဂူလန်ကို တူရကီအစိုးရဆီ လွှဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်က ဒါဟာ တရားရုံးတွေရဲ့ ကိစ္စလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up