A d v e r t i s e m e n t With Us

မန်ယူနှင့်အာဆင်နယ် အဆင့် ၄ အတွင်း မဝင်နိုင်ဟု ကာရေဂါ ခန့်မှန်း

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ အဆင့် ၄ အတွင်း မဝင်နိုင်ဘူးလို့ လီဗာပူးကစားသမားဟောင်း ကာရေဂါက ခန့်မှန်းလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ အပြီး ခြေစွမ်းအရ မန်ယူနဲ့အာဆင်နယ်အသင်းတွေရဲ့ ခြေစွမ်းက အခုထက်ပိုမိုတိုးတက်ဖို့လိုပြီး လက်ရှိခြေစွမ်းနဲ့ အဆင့် ၄ အတွင်း မဝင်ဘူးလို့ ကာရေဂျာက စကိုင်းပေါ့ ရုပ်သံမှာ သုံးသပ်ခဲ့တာပါ။ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲအပြီးမှာ လီဗာပူးအသင်းက ၆ ပွဲစလုံး အနိုင်ရထားပြီး ချဲလ်ဆီးကတော့ ၅ ပွဲနိုင် ၁ ပွဲ သရေနဲ့ ရှုံးပွဲမရှိသေးပါဘူး။ မန်စီးတီးအသင်းကလည်း ကာဒစ်ကို ၅ ဂိုးပြတ် သွင်းပြီး ခြေစွမ်းပြနေပါတယ်။ စပါးအသင်းဟာလည်း ဘရိုက်တန်ကို အနိုင်ရဖို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး အဆင့် ၄ အတွင်းဝင်ရေး မျှော်မှန်းချက်က ခက်ခဲနိုင်တယ်လို့ ကာရေဂါကဆိုပါတယ်။ ဒါပေမယ့်လည်း  ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့် ၁ ကနေ ၄ နေရာတွေကို အသင်းကြီး ၆ သင်းကပဲ အပြိုင်လုရမယ်လို့ ကာရေဂါကသုံး သပ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up