Email This Story :
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲကို တက်ရောက်ခြင်းမရှိတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကို နည်းပြကာပယ်လိုက ဝေဖန်သွားပါတယ်။
လီယွန်နယ်မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဆုစကာတင် စာရင်းမှာမပါဝင်ခဲ့သလို စီရော်နယ်ဒိုကတော့ စကာတင် ၃ ဦးမှာပါဝင်ပေမယ့် ဆုမရဘူးလို့ ကြိုတင်သိရှိတာကြောင့် တက်ရောက်ခြင်းမရှိတာလို့ သိရပါတယ်။
ဒါဟာ ကစာသမားတွေ၊ ဖီဖာနဲ့ ဘောလုံးလောကကို လေးစားမူမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ TVE ရုပ်သံနဲ့ အင်တာဗျူးမှာ အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ဝေဖန်ခဲ့ပါတယ်။
သူတို့ ဆုပေးပွဲ လာရောက်ခြင်းမရှိတာဟာ အရှုံးကို လက်သင့်မခံတာကြောင့် ဖြစ်နိုင်ပြီး ရှုံးတဲ့အချိန်ပဲဖြစ်ဖြစ်၊ နိုင်တဲ့အချိန်ပဲဖြစ်ဖြစ် အကောင်းမွန်ဆုံး ရှိသင့်တယ်လို့ ကာပယ်လိုက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးဆုရရှိခဲ့တဲ့ ရီးရဲလ်နဲ့ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်ကတော့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ကိုယ်ပိုင်အကြောင်းပြချက်တွေကြောင့် တက်ရောက်ခြင်းမရှိတာ ဆိုပေမယ့် ဒီလိုဆုပေးပွဲကို လာရောက်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။