ဂျာမနီတွင် ၇ ကြိမ်မြောက် စွန်လွှတ်ပြိုင်ပွဲကြီး ကျင်းပ

The seventh edition of the display saw kite flying champions from around Europe taking part. Rough cut (no reporter narration)
ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ စက်တင်ဘာ ၂၃ ရက်နေ့က ၇ ကြိမ်မြောက် စွန်လွှတ်ပြိုင်ပွဲကြီး ကျင်းပခဲ့ပြီး အရောင်အသွေးစုံ တောက်ပနေတဲ့ ဝက်၊ ဝက်ဝံနဲ့ ဒိုင်နိုဆော စွန်ရုပ်ကြီးတွေ ဘာလင်မြို့ကောင်းကင်မှာ ပျံဝဲနေခဲ့ပါတယ်။ အဲဒီစွန်ပြိုင်ပွဲ ကျင်းပတဲ့နေရာဟာ ဒုတိယကမ္ဘာစစ်ကာလက ဂျာမနီရဲ့သမိုင်းဝင် စစ်စခန်းတခုဖြစ်ခဲ့ပြီး နာမည်ကျော် တမ်ပယ်လ်ဟိုဖာဖဲ့လ် လေယာဉ်ကွင်းဟောင်း တည်ရှိတဲ့နေရာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဂျာမနီအစိုးရက အဲဒီစစ်စခန်းဟောင်းကို ၃၅၅ ဟက်တာ ကျယ်တဲ့ လူထုအပန်းဖြေစခန်းအဖြစ် တည်ဆောက် ပေးထားပါတယ်။ ဘာလင်ရှိ တမ်ပယ်လ်ဟိုဖာဖဲ့လ် အပန်းဖြေစခန်းဟာ မြို့တွင်းမှာတည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ပန်းခြံတွေထဲက တခုဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up