အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျော်ဒန်ဘုရင် တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုဟာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ စက်တင်ဘာ ၂၃ ရက်မှာ တွေ့ဆုံဆွေးနွေးပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် အကြိုအနေနဲ့ ဆွေးနွေးတာပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်အတွင်း တောင်ကိုရီးယား၊ အီဂျစ်၊ ပြင်သစ်၊ အစ္စရေး၊ ဂျပန်နဲ့ ဗြိတိန်တို့က နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အပြန်အလှန် ဆွေးနွေးပွဲတွေ ကျင်းပဖို့ ရှိတယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ကုလညီလာခံရဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးအတွင်း ထရမ့်က အီရန်ကို ပြစ်တင်ရှုတ်ချဖို့ မျှော်လင့်ထားတယ်လို့လည်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံက အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမှာမို့ ထရမ့်က ညီလာခံကို သဘာပတိအဖြစ် ကြီးမှူးနိုင်မှာပါ။ ဒါဟာ အမေရိကန်သမ္မတက ကုလလုံခြုံရေးကောင်စီရဲ့ သဘာပတိအဖြစ်  ကြီးမှူးတာ တတိယအကြိမ် ဖြစ်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ကုလလုံခြုံရေးကောင်စီကို ၁၉၄၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။ စစ်တပ် သုံးစွဲဖို့ အခွင့်အာဏာ ဒါမှမဟုတ် ဒဏ်ခတ်မှုတွေ ချမှတ်နိုင်စွမ်းတွေလဲ လုံခြုံရေး ကောင်စီမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up