Home
မြန်မာသတင်း
ဥရောပရုပ်ရှင်ပွဲတော်၌  NUDE ပန်းချီအကြောင်းရိုက်ထားသည့် ရုပ်ရှင်ပိတ်ပင်ခံရ
DVB
·
September 24, 2018
ရန်ကုန်မှာကျင်းပနေတဲ့ ဥရောပရုပ်ရှင်ပွဲတော်မှာ ခန္ဓာကိုယ်အလှ NUDE  ပန်းချီ ရေးဆွဲတဲ့ ကမ္ဘာကျော် ပန်းချီဆရာအကြောင်း ရိုက်ထားတဲ့ သြစတြီးယား ရုပ်ရှင် Egon Schiele- Death and the Maiden ဇာတ်ကားဟာ ဆင်ဆာပိတ်ခံရတဲ့အတွက် ပြသခွင့်မရဘဲ ပိတ်ပင်ခံခဲ့ ရပါတယ်။ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဆင်ဆာအဖွဲ့က ဒီဇာတ်ကားကို ပြသခွင့်မပြုဖို့ဆုံးဖြတ်လိုက်တဲ့ အတွက် စက်တက်ဘာ ၂၂ ရက်နဲ့ စက်တင်ဘာ ၃၀ ရက်တွေမှာ ဒီဇာတ်ကားကို ပြသနိုင်ခြင်း မရှိတော့တဲ့အကြောင်း ရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့က  တောင်းပန်လွှာထုတ်ပြန်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သြစတြီးယားရဲ့ သြဇာအရှိဆုံး ခေတ်ပေါ်ပန်းချီဆရာ Egon Schieleရဲ့ ဘ၀အကြောင်း၊ သူဖန်တီးခဲ့တဲ့ ခန္ဓာကိုယ်အလှပန်းချီကားတွေနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခံခဲ့ရပုံတွေအကြောင်း  စိတ်ဝင်စားစရာကောင်းတဲ့ အမြင်ဘက်ကနေ ဒါရိုက်တာ ဒိုင်ရက်တာ ဘာနာက ပုံဖော် ရိုက်ကူးထားတာပါ။ ဒီပွဲတော်မှာ ဘယ်လ်ဂျီယံရုပ်ရှင် Belgian Rhapsody ၊ ချက်ရုပ်ရှင် Cosy Dens၊ ဒိန်းမတ်ရုပ်ရှင် Land of Mine၊ ဖင်လန်ရုပ်ရှင်Little Wing၊ ပြင်သစ်ရုပ်ရှင် Django၊ ဂျာမန်ရုပ်ရှင် In the Fade၊ အစ္စရေးရုပ်ရှင် Apple from the Desert၊ အီတလီ ရုပ်ရှင် Perfect Strangers၊ နယ်သာလန်ရုပ်ရှင် Boys၊ နော်ဝေရုပ်ရှင် The Wave၊ ပိုလန်ရုပ်ရှင် Breaking the Limits၊ ပေါ်တူဂီရုပ်ရှင် Mother Knows Best၊ စပိန်ရုပ်ရှင် Happy 140၊ ဆွီဒင် ရုပ်ရှင် A Serious Game၊ ဆွစ်ဇာလန်ရုပ်ရှင် The Divine Order နဲ့ UK ရုပ်ရှင် Amy ဇာတ်ကားတို့ကိုတော့ ဆက်လက် ပြသနေပါတယ်။ ဥရောပ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံနဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ နတ်မောက်လမ်းဒေါင့်ရှိ  GOTHE Villa မှာ စက်တင်ဘာ ၂၁ရက်ကနေ စက်တင်ဘာ ၃၀ရက်ထိ နှစ်နေရာခွဲပြီး ကျင်းပနေတာဖြစ်ပါတယ်။ ဓာတ်ပုံ- European Film Festival အပိတ်ခံရတဲ့ ရုပ်ရှင်နမူနာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024