အိန္ဒိယတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၂၅ ဦး သောင်တင်နေ

2.5K
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမချယ်ပရာဒေ့ရှ် ပြည်နယ်က ကို့လူမြို့မှာ စက်တင်ဘာ ၂၃ ရက်က မိုးကြီးလို့ ရုတ်တရက် ရေလွှမ်းမိုးခဲ့တဲ့အတွက် လူအနည်းဆုံး ၂၅ ဦး သောင်တင် နေပါတယ်။
ဒေသခံတွေဟာ မြို့ကိုဖြတ်ပြီး ရေတွေအဟုန်နဲ့ စီးနေတာကို အိမ်ခေါင်မိုးတွေပေါ်ကနေ ကြည့်နေခဲ့ရတာပါ။
သောင်တင်နေတဲ့ လူတွေကိုကယ်ဖို့ ရဟတ်ယာဉ်တစီး စီစဉ်ပေးမယ် လူတွေကို ကယ်ဖို့ အာဏာပိုင်တွေ အလုပ်လုပ်နေတယ်လို့ မြို့ရဲ့ ဒုကော်မရှင်နာ မင်းကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ မုတ်သုံရာသီအတွင်း ရေကြီးမြေပြိုမှုတွေကြောင့် နှစ်စဉ်လူတွေ အများအပြား သေဆုံးလေ့ ရှိပါတယ်။